Local Sports

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန် အတွက် လေးကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပနေစဉ် မီးပြတ်တောက်၍ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရ

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန်အတွက် လေးကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပနေစဉ် သိမ်ဖြူ အားကစားကွင်း၌ မီးများပြတ်တောက်ခဲ့သောကြောင့် လက်ဝှေ့ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရသည်။

ခြေစွမ်းကောင်းမွန်ခြင်း မရှိခဲ့သော်လည်း မြန်မာယူ-၁၉ ပွဲဦးထွက် ပွဲစဉ်တွင် စင်ကာပူ အသင်းကို အနိုင်ရရှိ

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု(ခ) အဖွင့်ပွဲစဉ်အဖြစ် စင်ကာပူ ယူ(၁၉) အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာ ယူ-၁၉ အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ကပ်၍အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် စင်ကာပူ ယူ(၁၉)အသင်းကို ပွဲချိန်အတော်များများ၌ ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း အခွင့်အရေး အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ် အရောက်မှသာ လူစားဝင်ကစားသမား ကောင်းချစ်နိုင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

မြန်မာ ယူ-၂၀ အသင်း တိုက်စစ်မှူးအောင်သူ အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုရရှိ

မြန်မာ ယူ-၂၀ ဘောလုံး အသင်း၏ တိုက်စစ်မှူး အောင်သူသည် ဗီယက်နမ် လူငယ်ကစားသမား ငုရင်ခန်ဖောင်နှင့် မြန်မာ ယူ-၂၀ အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့ကို ကျော်ဖြတ်ကာ ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

၎င်းမှာ နယူးဇီလန်နိုင်ငံတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပြိုင်ဘက်များကို အခက်တွေ့အောင် ခြေစွမ်းပြ ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော ကစားသမားဖြစ်ပြီး မြန်မာ အသင်း၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သော ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။

ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Air KBZက အဓိက ပံပိုးကူညီကာ မြန်မာမီဒီယာ ဂရု(ပ်)က ဦးစီးကျင်းပမည့် ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၇ရက်ညနေ့က စင်ထရယ် ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အဲကမ္ဘောဇမှ တာဝန်ရှိသူများ၊ ရိုးရာ လက်ဝှေ့သမားများ၊ ကလပ်အသင်းများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အိုလံပစ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပွဲ ကျင်းပ (မြန်မာမီဒီယာဂရု(ပ်)က ပြိုင်ပွဲဝင် ကလပ်သင်းများကို တစ်နှစ်စာ ဆန်အိတ်များ ထောက်ပံ့)

အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲများကို ဇွန်လ ၂၁ ရက် မွန်းလွဲ ၂း၀၀နာရီက သိမ်ဖြူ အားကစားရုံတွင် ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရု(ပ်)နှင့် ပံ့ပိုးကူညီသူ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသူများ လာရောက်အားပေးခဲ့ကြသည်။

ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားခဲ့သည့် မြန်မာယူ-၂၃ အသင်း

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဘောလုံး) အုပ်စု (က) ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာယူ-၂၃ အသင်းက ဖိလစ်ပိုင် ယူ-၂၃ အသင်းကို ဂိုးပြတ် သွင်းယူပြီး ရာနှုန်းပြည့် နိုင်ပွဲရရှိကာ ဆီမီးဖိုနယ်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယူ-၂၀ မြန်မာလူငယ်အသင်းအား ဂုဏ်ယူအားပေးကြသော်လည်း ဘောလုံးပွဲ နောက်ခံစကားပြောသူများ အပေါ် ပရိသတ်များ အကြီးအကျယ် စိတ်ပျက်လျက်ရှိ

နယူးဇီလန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ယူ-၂၀ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)၌ ယှဉ်ပြိုင် ကစားခဲ့သော မြန်မာလူငယ်အသင်းမှာ ပွဲတိုင်းရှုံးနိမ့်ခဲ့ရသော်လည်း သန်း ၆၀သော ပြည်သူအားလုံးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူအားပေးခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားများ ကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်ပြသရာ၌ ဘောလုံးပွဲ နောက်ခံစကား ပြောဆိုသူများ အပေါ် ပရိသတ်များ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရှိရသည်။

အသက်အရွယ်ကြီးနေသော မြန်မာ အမျိုးသမီး အသင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၌ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရ

ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် မြန်မာအမျိုးသမီးအ သင်းနှင့် ထိုင်းအမျိုးအသင်းတို့ တွေ့ဆုံခဲ့ရာ ထိုင်းအမျိုးသမီး အသင်းက မြန်မာ အမျိုးသမီး အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဆုဖလား ရရှိသွားခဲ့ကြောင်း သိရသည်။

Pages