Local Sports

၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းကို ၀ါရင့် ကစားသမားများအပြင် ယူ-၂၀၊ ယူ-၂၃ တို့မှ ကစားသမားများဖြင့် အားဖြည့်ထား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း၏ ပဏာမ လူစာရင်းကို ထုတ်ပြန်ခဲ့ရာ လက်ရွေးစင် ကစားသမား အများစုနှင့် ယူ-၂၀၊ ယူ-၂၃  အသင်းတို့မှာ ကစားသမားများ ပါဝင်ကြောင်း သိရသည်။

 

မြန်မာ အသင်းသည် အာရှဇုံ အုပ်စု(G)တွင် အင်အားကြီး တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်တို့နှင့် ကျရောက်လျက်ရှိပြီး၊ အရှေ့တောင်အာရှ အသင်းတစ်သင်း ဖြစ်သော လာအို အသင်းလည်း ပါဝင်ကြောင်း သိရသည်။

အိမ်ရှင်စင်ကာပူနှင့် တစ်အုပ်စုထဲ ကျရောက်နေသော်လည်း အုပ်စုချောင်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃အသင်း

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲစဉ်များကို အုပ်စုမဲခွဲခဲ့ရာ မြန်မာ ယူ-၂၃ အမျိုးသား ဘောလုံး အသင်းသည် အိမ်ရှင် စင်ကာပူ အသင်းနှင့်အတူ အုပ်စု(က)တွင် ကျရောက်လျက် ရှိနေသော်လည်း အုပ်စုအနည်းငယ် ချောင်ခဲ့သည်။

ဆိုင်းရပ်စ်က မြန်မာလက်ဝှေ့ကျော် တစ်ဦးနှင့် ပုဝါမကူ ရေမရှူကြေး ရေကုန်ရေခမ်း ထိုးသတ်လိုဟုပြော

ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ၊ အနောက်တိုင်း လက်ဝှေ့ မစ်ဒယ်ဝိတ်တန်း အမေရိကန် နိုင်ငံလုံးဆိုင်ရာ ချန်ပီယံနှင့် ကမ္ဘာ့ မွေထိုင်း ချန်ပီယံဖြစ်ခဲ့ဖူးသူ အမေရိကန် လူမျိုး ဆိုင်းရပ်စ်ဝါရှင်တန်က မြန်မာ့ လက်ဝှေ့ကျော် တစ်ဦးနှင့် ရှေးမြန်မာ့ရိုးရာ နည်းအတိုင်း ပုဝါမကူ ရေမရှူဘဲ ရေကုန်ရေခမ်း ထိုးသတ်လိုသည်ဟု ကမ်းလှမ်းလာကြောင်း မြန်မာ မီဒီယာဂရု(ပ်)မှ သိရသည်။

ပထမပွဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သော အားနည်းချက်ကို ပြင်ဆင်နိုင်ခဲ့သည့် မြန်မာယူ-၂၀ ဒုတိယပွဲတွင် ဆာဘီယားကို ၃ဂိုး ဂိုးမရှိဖြင့်သာ ရှုံးနိမ့်

ပြည်သူချစ်သော မြန်မာယူ-၂၀ အသင်းသည် ဆားဗီးယားနိုင်ငံသို့ သွားရောက်ပြီး၊ ခြေစမ်းပွဲများ ကစားလျက်ရှိရာ ပထမပွဲတွင် ဆားဗီးယား ယူ-၂၀ အသင်းကို နည်းစနစ်ပိုင်း အားနည်းချက်နှင့် နောက်ခံလူများ၏ အမှားအချို့ကြောင့် ၆ ဂိုးပြတ် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယ ခြေစမ်းပွဲတွင်မူ နည်းစနစ်ပိုင်း ပြန်လည်ပြုပြင်ကာ ရင်ဆိုင်ခဲ့သောကြောင့် ၃ ဂိုး ဂိုးမရှိဖြင့်သာ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဆားဗီးယားယူ-၂၀ အသင်းသည် မြန်မာအသင်းထက် အရပ်အမောင်းနှင့် ကစားအားတို့တွင် အနည်းငယ် သာလွန်ခဲ့သော်လည်း မြန်မာအသင်း၏ အချိတ်အဆက်မိမိ ကစားပုံကို အသိအမှတ် ပြုခဲ့ရသည်။

တစ်ယောက်လျော့ဖြင့် ဟောင်ကောင်ကို အနိုင်ယူပြီး AFC ယူ-၂၃ ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိသွားတဲ့ မြန်မာအသင်း

တရုတ် (တိုင်ပေ)တွင် ကျင်းပလျက်ရှိသော AFC U-23 Champiomship 2016  ခြေစစ်ပွဲ အုပ်စု (F) ဒုတိယနေ့ ပွဲစဉ်အဖြစ် မြန်မာယူ-၂၃ အသင်းနှင့် ဟောင်ကောင် ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ မြန်မာယူ-၂၃  အသင်းက တစ်ယောက်လျော့ဖြင့် ကစားပြီး၊ အဖိုးတန်အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၂၃ အသင်း ယခုပွဲစဉ်တွင် အနိုင်ရရှိမှုကြောင့် ခြေစစ်ပွဲ အောင်မြင်ရန် အခြေအနေ ကောင်းသွားခဲ့ပြီး၊ လက်ကျန် သြစတေးလျ အသင်း နှင့်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့လျှင်တောင်  အကောင်းဆုံး အုပ်စု ဒုတိယဖြင့် ခြေစစ်ပွဲ အောင်မြင်ရန် နီးစပ် နေခဲ့ပြီဖြစ်သည်။

မြန်မာယူ ၂၂ အသင်း ခြေစွမ်း မပြနိုင်ဘဲ အိမ်ကွင်း၌ မလေးရှား ယူ-၂၂နှင့် ၁ ဂိုးစီ သရေကျ

အာရှ ယူ-၂၂ ခြေစစ်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် မလေးရှား ယူ-၂၂ အသင်းတို့ တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ၁ ဂိုးစီသရေ ရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည်။ မြန်မာယူ-၂၂ အသင်းမှာ ဂျပန်နှင့် ထိုင်းနိုင်ငံများတွင် ခြေစွမ်းပွဲများ သွားရောက်ကစားခဲ့ပြီး ဂျပန်ယူ-၂၂အား ၉-၀၊ ထိုင်း ယူ-၂၂ အသင်းကို ၁-၀ဂိုးဖြင့်လည်းကောင်း ရှုံးနိမ့်ထားခဲ့သည်။

ကမ္ဘာ့ချန်ပီယံ ဆိုင်းရပ်အား မကျေပွဲနွဲရန် စိန်ခေါ်ထိုးသတ်မည့် ထွန်းထွန်းမင်းတို့၏ ပွဲအား ဧပြီလ ၁၁ရက်နေ့တွင် ပြုလုပ်မည်

ပထမဦးဆုံး ရှုံးပွဲကြုံတွေ့ ခဲ့ရသည့် မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းက ၄င်းအား အနိုင်ယူခဲ့သည့် အမေရိကန် နိုင်ငံသား WKBT, WKA, WMF ကမ္ဘာ့ချန်ပီယံ ဆိုင်းရပ်ကို မကြေပွဲ ပြန်လည် ထိုးသတ်ရန် စိန်ခေါ်ပွဲအား ဧပြီလ ၁၁ ရက်နေ့၊ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် အနေနဲ့ ပထမပွဲတုန်းက အလစ်အငိုက် ခံလိုက်ရတဲ့ အတွက် ရှုံးနိမ့်သွားခဲ့ရတာပါ။ အခုပွဲကိုတော့ အနိုင်ထိုးသတ် သွားမှာပါ”ဟု မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းက ဆိုသည်။

ရန်ကုန်အသင်း ၉ ပွဲဆက် အနိုင်ရရှိခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၉

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၉) ပြိုင်ပွဲများကို ဆက်လက် ကျင်းပလျက်ရှိရာ ရန်ကုန် ယူနိုက်တက် အသင်းမှာ ဇေယျာရွှေမြေ အသင်းကို အိမ်ကွင်းတွင် ၅-၂ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြီး၊ ၉ဆက် နိုင်ပွဲကို ရရှိကာ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပြန်ကြောင်း သိရသည်။

အဆိုပါပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း အတွက် တိုက်စစ်မှူး ဆီဇာက ဟက်ထရစ် သွင်းယူသွားခဲ့ပြီး၊ ခင်မောင်လွင်နှင့် အီမာဆင်တို့က ၁ ဂိုးစီ သွင်းယူ ပေးနိုင်ခဲ့ကာ ဇေယျာရွှေမြေ အတွက် ရိုဒရီက ချေပဂိုး ၂ ဂိုးကို ပြန်လည်သွင်းယူခဲ့သည်။

နေပြည်တော် အသင်း၏ လစာကြွေးကျန် ပြဿနာများ ယခုလအတွင်း ဖြေရှင်းနိုင်တော့မည်ဟုဆို

နေပြည်တော် အသင်း၏ လစာကြွေးကျန် ပြဿနာများမှာ မကြာမီ အချိန်တွင် ဖြေရှင်းသွားနိုင်မည် ဖြစ်ပြီး၊ မေလအတွင်း အပြီးသတ် ပေးချေသွားမည်ဖြစ်ကြောင်း နေပြည်တော် အသင်း၏ ပြန်ကြားရေး တာဝန်ခံ ဦးဇော်ဝင်းက Tomorrowသို့ ပြောသည်။

“ကြွေးမြီကျန်တယ် ဆိုတာလည်း အုပ်ချုပ်သူ အဖွဲ့နဲ့ နည်းပြတွေပဲ ကျန်တာပါ။ ဘယ်ကစားသမားကိုမှ လစာပေးချေဖို့ မကျန်ပါဘူး။ လက်ရှိအချိန်မှာလည်း အထက် အရာရှိတွေကို တင်ပြထားပြီးတော့ ဒီလအတွင်းမှာပဲ အားလုံးကို ရှင်းပေးသွားပါမယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းနှစ်သင်းနှင့် ခြေစမ်းပွဲ ၃ ပွဲကစားမည့် ဖီဂျီယူ-၂၀ အသင်း

နယူးဇီလန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ပွဲကြိုခြေစမ်းပွဲများ အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနှင့် ဖီဂျီ ယူ-၂၀ အသင်းတို့သည် မန္တလေးမြို့၊ မန္တလာသီရိ ကွင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ယှဉ်ပြိုင်ကစားသွားကြမည်ဟု သိရသည်။

ဖီဂျီယူ-၂၀ အသင်းသည် မန္တလေးမြို့၌ ခြေစမ်းပွဲ ကစားပြီးနောက် ရန်ကုန်မြို့ရှိ YTUကွင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ စင်ကာပူဆီးဂိမ်း အတွက် ရည်ရွယ်ဖွဲ့စည်းထားသော မြန်မာ ယူ-၂၂ အသင်းနှင့် ထပ်မံခြေစမ်း ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Pages