Local Sports

တူရကီတွင် မြန်မာယူ-၂၀ အသင်းခြေစွမ်းပြလျှက်ရှိ

တူရကီနိုင်ငံတွင် ခြေစွမ်းပြလျှက်ရှိသော မြန်မာယူ-၂၀ အသင်းသည် ပထမဦးဆုံး ခြေစမ်းပွဲတွင် တာဂျစ်ကစ္စတန်ကလပ်  Tara 2 အသင်းအား ခြေစွမ်းပြပြီး ၂ ဂိုးစီ သရေကစားခဲ့သလို အဇာဘိုင်ဂျန် ယူ-၂၁ အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့သည်။ အဇာဘိုင်ဂျန် အသင်းနှင့်ပွဲတွင် ၁ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ရာမှ ပွဲပြီးခါနီး ၁၃ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၀ အသင်းသည် တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ-၂၂ အသင်းနှင့် ခြေစမ်း ကစားရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ပြယ်ခဲ့ရသည်။

ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲ မဲခွဲပွဲသို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် တက်ရောက်မည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)မှ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ဦးဆောင်ကာ နယူဇီလန်၌ ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းမဲခွဲပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင် ၂၄ သင်းအား လေးသင်းစီ အုပ်စု ၆စုခွဲ၍ ကျင်းပသွားမည် ဖြစ်သည်။

မြန်မာယူ-၂၀ အသင်း တူရကီနိုင်ငံသို့ ခြေစမ်းပွဲများ ကစားရန် ထွက်ခွာ

နယူဇီလန် ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲသို့ ၀င်ခွင့်ရရှိထားသော အရှေ့တောင် အာရှ၏  တစ်သင်းတည်းသော အသင်းဖြစ်သည့် မြန်မာ ယူ-၂၀ ဘောလုံး အသင်းသည် လေ့ကျင့်မှုများ ပြုလုပ်ရန် ဇန်န၀ါရီလ ၁၇ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့်ပွဲစဉ်များ စတင်ကျင်းပ

မြန်မာနေရှင်နယ်လိဂ် ရာသီသစ် MNL 2015 အဖွင့်ပွဲစဉ် နှစ်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားရာတွင် သရေရလဒ်များဖြင့်သာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

2015 MFF Charity Cup ပြိုင်ပွဲ ဧရာဝတီ ယူနိုက်တက်မှ ရတနာပုံ အသင်းအား ၁-၀ ဖြင့် အနိုင်ရပြီး ရာသီအဖွင့် လှပ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၁၅ ဘောလုံးရာသီ အဖွင့် Charity Cup ဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ကျင်းပခဲ့ရာ ရှုံးထွက်ချန်ပီယံ ဧရာဝတီ ယူနိုက်တက်က အမှတ်ပေး ချန်ပီယံ ရတနာပုံFCအား ပယ်နယ်တီဂိုးဖြင့် အနိုင်ရပြီး Charity Cupအား ဒုတိယ အကြိမ်မြောက် ဆွတ်ခူးသွားခဲ့သည်။ အမှတ်ပေး ချန်ပီယံ ရတနာပုံ အသင်းတွင် လက်ရွေးစင် လူဟောင်း ကစားသမားများ အပြင် ယခုနှစ်မှ ခေါ်ယူထားသည့် လိုင်ဘေးရီးယား လက်ရွေးစင် ဖိုးဒေး အပါအ၀င် နိုင်ငံခြား အားကစားသမား ၃ ဦး ပါဝင် ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။

တောင်ငူလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကျင်းပ

တောင်ငူမြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ် ပြိုင်ပွဲကို မြန်မာ ဗစ်ထရီ ကုမ္ပဏီ လီမိတက်မှ ပံ့ပိုးကူညီပြီး၊ မြန်မာ မီဒီယာ ဂရု(ပ်)က ဇန်န၀ါရီ ၄ရက်နေ့တွင် တောင်သူ ကေတုမတီ မိုးလုံလေလုံ ခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းမင်းကို အလဲထိုးခဲ့တဲ့ Cyrus Washington မြန်မာပြည်သို့ ပြန်လာမည်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းအား အလဲထိုး အနိုင်ယူခဲ့သော Cyrus Washingtonသည် Kick Boxing ချန်ပီယံဖြစ်ပြီး၊ လက်ဝှေ့လောကတွင် Black Dynamite အဖြစ် နာမည်ကျော်ကြားသူလည်း ဖြစ်သည်။

သူ၏ လက်ဝှေ့သက်တမ်း တစ်လျှောက် ၆၄ ပွဲထိုးခဲ့ရာ ၄၇ ပွဲ၌ ၁၇ ပွဲရှုံးပြီး၊ ၁ ပွဲသရေကျခဲ့သည်။ သရေကျခဲ့သော ပွဲမှာ မြန်မာနိုင်ငံ၏ အလွတ်တန်း ချန်ပီယံ စောငမန်းနှင့်ဖြစ်ပြီး၊ ရန်ကုန်တွင် အစီးသရေ ထိုးသတ်နိုင်ခဲ့သည်။

မြန်မာပြည် အလွတ်တန်း ချန်ပီယံ ထွန်းထွန်းမင်းကို အလဲထိုးတဲ့ အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ်

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မျှော်စင်ကျွန်း၌ ကျင်းပပြုလုပ်ခဲ့သော Air KBZ ရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ် အထူး များပြားခဲ့သည်။ ယင်းပြိုင်ပွဲတွင် ၄ ချီ အထူးစိန်ခေါ်ပွဲ ၄ ပွဲနှင့် ၅ ချီ အထူးစိန်ခေါ် ပွဲ ၄ ပွဲ ကျင်းပခဲ့သည်။ ယင်းပွဲစဉ်များအနက် ကျားပေါက်နှင့် ရယ်ဒယ်(ထိုင်း)၊ ထက်အောင်ဦးနှင့် ဆောင်းထရမ် (ထိုင်း)၊ အရှေ့တောင်အာရှ ချန်ပီယံ ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်(အမေရိကန်)တို့ ပွဲစဉ်ကို ပရိသတ်များ အထူး စိတ်ဝင်စားခဲ့သည်။ ယင်းပွဲစဉ်များတွင် လွမ်ချိုင်း(မြ၀တီ)နှင့် နိုင်ရဲလင်း(ဒို့ရိုးရာ) ပွဲတွင် သရေ၊ ရှမ်းလေး(၀ါဆို)နှင့် စော

မြန်မာနိုင်ငံ၏ ပထမဆုံးသော ၀င်ကြေးအခမဲ့ လက်ဝှေ့ပွဲကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ၀င်ကြေး အခမဲ့ ပြုလုပ်မည့် AIR KBZ ရွှေအောင်လံ နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးအား ပရိသတ် လေးထောင်ဆံ့သည့် မျှော်စင်ကျွန်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာတွေ အားပေးရကျိုးမနပ်တဲ့ စင်ကာပူက ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆယ်ယောက်ကျန် မလေးရှားအသင်းနှင့် သရေကျ၍ မြန်မာ တစ်မှတ်သာရ

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေတွင် ယှဉ်ပြိုင်ကစားခဲ့သည့် AFF SUZUKI CUP ဘောလုံးပြိုင်ပွဲ မလေးရှား-မြန်မာ ဘောလုံးပွဲတွင် မြန်မာအသင်း အနေဖြင့် ဂိုးမရှိသရေ တစ်မှတ်ရရှိခဲ့ သော်လည်း ပြိုင်ပွဲသို့ သွားရောက် အားပေးခဲ့သည့် စင်ကာပူရောက် မြန်မာပရိသတ်များအတွက် အားပေးရကျိုး မနပ်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ပေသည်။

Pages