World Sports

စံချိန်သစ်များစွာနဲ့ ရီးရဲလ်မက်ဒရစ်

ကမ္ဘာပေါ်ရှိ ကလပ်အသင်းဖလားများတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သော ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝေးလ်နိုင်ငံ ကာဒစ်မြို့ရှိ ထောင်စုနှစ်ကွင်းကြီးတွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားသောကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် စံချိန်သစ်များစွာ ရေးထိုးလိုက်နိုင်ပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် လေးနှစ်အတွင်း ချန်ပီယံဆုကို သုံးကြိမ်မြောက်ရရှိခဲ့သည်။ ထိုအတူ ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်ပိုင်း မည်သည့်အသင်းမှ နှစ်နှစ်ဆက်ရယူနိုင်ခြင်းမရှိသော အခြေအနေအား ရီးရဲလ်အသင်းက ယခုချိုးဖျက်လိုက်ခြင်းဖြစ်သည်။

UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်ထိပ်ဆုံးမှ ရပ်တည်

UK Sport ၏ အချမ်းသာဆုံး အားကစားသမားစာရင်းတွင် ဗြိတိန် ဖော်မြူလာဝမ်း အကျော်အမော် လူးဝစ်ဟာလ်မီတန်သည် ပေါင် ၁၃၁ သန်းဖြင့် ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သည်။ ဟာလ်မီတန်သည် ဖော်မြူလာဝမ်းပြိုင်ပွဲများတွင် ချန်ပီယံဆု အမြောက်အမြား ရရှိခဲ့သည့်အပြင် စပွန်ဆာကြေးများမှလည်း ၀င်ငွေ ရရှိခဲ့သည်။ ဟာမီလ်တန်၏ ၀င်ငွေသည် တစ်နှစ်အတွင်း ပေါင် ၂၅ သန်းထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ဟာလ်မီတန်၏ နောက်တွင် မန်ယူအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပေါင်သန်း ၁၁၀ဖြင့် ရပ်တည်နိုင်ခဲ့သလို မန်ယူအသင်း၏ နောက်ထပ်ကစားသမားဖြစ်သည့် ၀ိန်းရူနီက ပေါင်  ၉၃သန်းဖြင့် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၄င်းတို့နောက်တွင် ဖော်မြူလာဝမ်း နောက်ထပ်

အနာဂတ် အင်္ဂလန် အသင်း မန်နေဂျာ နေရာကို အာဆင်ဝင်းဂါးနှင့် ပိုချက်တီနိုတို့ နှစ်ဦးစလုံး စိတ်ဝင်စား

ဆမ်အလာဒိုက်စ် အင်္ဂလန် အသင်းမန်နေဂျာ အဖြစ်မှ နုတ်ထွက်သွားပြီးနောက် ၄င်း၏ နေရာတွင် ရေပန်းစားနေသူ မန်နေဂျာ နှစ်ဦး အဖြစ် လန်ဒန် မြို့ခံ ပြိုင်ဘက် ကလပ်သင်းများ၏ မန်နေဂျာများ ဖြစ်သည့် အာဆင်နယ်မှ အာဆင်ဝင်းဂါးနှင့် စပါးမှ ပိုချက်တီနိုတို့ နှစ်ဦးစလုံးက အနာဂတ်တွင် ထိုနေရာအား စိတ်ဝင်စားမှုရှိကြောင်း ပြောကြားခဲ့သည်။

 

မော်ရင်ဟို၏ လူစားလဲမှု မေးခွန်း ထုတ်စရာ ဖြစ်လာ

ပြီးခဲ့သည့် တနင်္ဂနွေနေ့ မန်ယူနှင့် စတုတ်စီးတီးပွဲတွင် အသင်း ခေါင်းဆောင် ၀ိန်းရွန်နီကို ချန်လှပ် ကစားခဲ့သော မန်ယူသည် ပထမပိုင်းတွင် ဂိုးမရှိ ရလဒ်ကြောင့် ၆၇ မိနစ်တွင် မာတာနှင့် လင်ဂတ် တို့ကို ရွန်နီနှင့် မာရှယ်တို့နှင့် လူစားလဲခဲ့ရာ ၆၉ မိနစ်၌ မာရှယ် ဂိုးသွင်းပြခဲ့သဖြင့် လူစားလဲမှု မှန်ကန်သည်ဟု ထင်ခဲ့ရသော်လည်း ပွဲပြီးရလဒ်မှာ ၁-၁ ဖြစ်ခဲ့သည်။

 

ရွန်းနီကို ချန်လှပ်ခဲ့တာ ပေါ့ဘာအတွက် အဖြေလား

သုံးပွဲ ဆက်တိုက် အရှုံးပွဲများနှင့် ကြုံတွေခဲ့ရအပြီးတွင် မန်ယူ၏ ကစားဟန်နှင့် ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမား ပေါ့ဘာ အဆင်မပြေဆိုသည့် သတင်းများ ထွက်ပေါ်လာမှုနှင့် အတူ မန်နေဂျာ မော်ရင်ဟိုလည်း အဖြေရှာရမည့် ဖိအားအောက် ရောက်ခဲ့သည်။ ပြီးခဲ့သည့် လက်စတာနှင့် ပွဲတွင် မော်ရင်ဟိုက ၄င်းကြိုပြောထားသကဲ့သို့ပင် ရွန်းနီကို ပထမ ၁၁ ယောက်စာရင်းတွင် ချန်လှပ်ခဲ့ပြီး ၄င်းနေရာတွင် မာတာကို ကစားစေခဲ့သည်။

တိုက်စစ် မုန်တိုင်း ထန်ခဲ့သည့် မန်ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၅ တွင် ထူးခြားမှု တစ်ခု အဖြစ် ရာသီ အစကတည်းက ခြေ အတက်အကျ ပုံမှန် မရှိခဲ့သော မန်ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် ယခု တစ်ပတ် ပွဲစဉ်များတွင် ပြိုင်ဘက် အသင်းများကို မနားတမ်း တိုက်စစ် ဆင်ပြီး ဂိုးအရေအတွက် များစွာဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြသည်။

ပေါ့ဘာ ဂိုးစသွင်းပြီ

မန်ယူမန်နေဂျာ မော်ရင်ဟိုသည် ပထမ ၁၁ တစ်ယောက်တွင် ရွန်းနီကို ချန်လှပ်ပြီး ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာ၊ မာတာတို့ အတွဲညီစေခဲ့သည်။ ကမ်္ဘာ့ဈေးအကြီးဆုံး ပေါ့ဘာသည် အသင်းနှင့် အံဝင်မှုမရှိ ဖြစ်နေသည် ဆိုသည့်သတင်းများကို ယခုပွဲတွင် ၄င်း၏ ဂိုး အပါအ၀င် ၄-၁ ဖြင့် လက်စတာကို အနိုင်ယူပြခဲ့မှုက ပျက်ပြယ် သွားစေခဲ့သည်။

ရှုံးပွဲများနှင့် တွေ့နေသော မန်ယူ ကစားဟန်နှင့် ပေါ့ဘာ အဆင်မပြေ ဖြစ်နေသလား

မန်ယူအသင်း၏ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် ဟော်လန် ကလပ် ဖီယင်နုနှင့် ပွဲတွင် မိမိ၏ ကစားဖော် အသင်းသားများအား အော်ဟစ် နေခဲ့သော ကမ္ဘာ့ ဈေးအကြီးဆုံး ဘောလုံးသမား ပေါ့ဘာ၏ အဖြစ်အပျက်ကို မီဒီယာများက ဝေဖန် ဖော်ပြခဲ့သည်။

လီဗာပူးလ် ရှေ့တန်း လူဟောင်းနှင့် ယခု ဖီယင်နုတွင် ကစားနေသည့် ဒါကုခ်ျက မန်နေဂျာ မော်ရင်ဟို၏ ကိုင်တွယ်မှုတွင် မန်ယူ၏ ကစားကွက်၌ ပေါ့ဘာ အဆင်မပြေ ဖြစ်နေသည်ဟု ထင်ကြောင်းပြောသည်။

“ပထမပိုင်းမှာ ကျွန်တော် ကြားရတာ အားလုံးကတော့ သူ့ကစားဖော်တွေကို အော်ဟစ် နေတာပါပဲ”ဟု ၄င်းက ပြောသည်။

မန်ယူ-မန်စီးတီးပွဲမှ မှတ်သားစရာ အချက် ငါးချက်

၁။ အားထားရသည့် တိုက်စစ်မှူး အဂူယို ပြစ်ဒဏ်ကြောင့် မပါဝင်သော်လည်း ဂွါဒီယိုလာသည် ရှေ့တန်းတွင် လူငယ်တိုက်စစ်မှူး အီဟီရာနာချိုကို သုံး၍ တိုက်စစ်ကို ဖွင့်ကာ အဓိက ရွေးချယ် ကစားစေခဲ့သည်။ မှန်ကန်မှု အဖြစ် အီဟီရာနာချိုသည် ဂိုးသွင်းခဲ့သလို ဂိုးသွင်းရာတွင်လည်း ပံ့ပိုး ခဲ့သည်။

အင်္ဂလန်မြေ ဘောလုံး စစ်ပွဲတွင် မြို့ခံ ပြိုင်ဘက်ကို ဂွါဒီယိုလာ အနိုင်ယူ

အင်္ဂလန် ဘောလုံး လောက၏ အရုဏ်သစ်ဟု ဗြိတိန် မီဒီယာများ၏ တင်စား ရေးသား ခံခဲ့ရသော ဘောလုံး နည်းစနစ်ပိုင်းဆိုင်ရာ ကစားကွက်များဖြင့် မန်စီးတီးသည် မြို့ခံပြိုင်ဘက် မန်ယူကို ယခုအပတ် ပွဲစဉ် (၄) တွင် ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည်။

ပရီးမီးယားလိဂ် ကလပ်များ၏ ငွေသုံးစွဲမှု အကျိုးမဲ့ ဖြစ်နေသလား

ပရီးမီးယားလိဂ် ကလပ်များ၏ ငွေကြေးသုံးစွဲမှုသည် ကျိုးကြောင်း ဆီလျော်မှုမရှိ ဖြစ်လာနေသည်ဟု မကြာသေးခင်က မန်စီးတီးအသင်း၏ ထိပ်တန်းကစားသမားများ အနေအထားကို ဥပမာပေး၍ လေ့လာသူများက ဝေဖန် ရေးသားလာကြသည်။

မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် လူစာရင်း တင်ရာတွင် နာမည်ကြီး အလယ်တန်းလူ ယာယာတိုရေး ပါဝင်လာခြင်းမရှိသည့် နောက် ထိုသို့ ဝေဖန်မှုများ ပေါ် လာခြင်းဖြစ်သည်။

Pages