World Sports

ရီယိုအိုလံပစ် ပြိုင်ပွဲတွင် ရဲထံလိမ်ညာ သတင်းပို့သည့် အမေရိကန် ရေကူးသမားကို စွဲချက်တင်

ရီယိုအိုလံပစ် ပြိုင်ပွဲကာလ အတွင်း ဓာတ်ဆီဆိုင် တစ်ဆိုင်တွင် သေနတ်ဖြင့် အချိန်ခံရပြီး ငွေတောင်းခံ ခဲ့ရသည်ဟု မီဒီယာနှင့် ဘရာဇီး ရဲတပ်ဖွဲ့တို့အား ချဲ့ကား ပြောပြခဲ့သည့် အမေရိကန်ရေကူး သမားရိုင်ယန်လော့ခ်ျတီကို စွဲချက် တင်ခဲ့သည်။

၎င်းပြောဆိုခဲ့သည့် ဖြစ်ရပ်ကို စုံစမ်းမှုနှင့် ပတ်သက်၍ ထွက်ချက်ပေးရန် ဆင့်ခေါ်ခဲ့သည်ဟု ဘရာဇီး တရားရေးဌာနက အတည်ပြု ပြောကြားခဲ့သည်။ ရိုင်ယန် လော့ခ်ျတီသည် အမေရိကန် ပြည်ထောင်စုတွင် ထွက်ချက်ပေးရမည်ဖြစ်ပြီး ထွက်ချက်၏ အချက်အလက်များကို ဘရာဇီးသို့ လွှဲပြောင်း ပေးပို့မည်ဖြစ်သည်။

အမေရိကန် ရေကူးသမားများ၏ ချဲ့ကားပြောမှုကြောင့် ဘရာဇီးတွင် တင်းမာမှုများမြင့်တက်

ရီယိုအိုလံပစ်ပြိုင်ပွဲဝင် အမေရိကန်ရေကူး အားကစားသမား လေးဦးက လက်နက်ဖြင့် စော်ကားခြိမ်းခြောက်ခံရသည်ဟု မီဒီယာများတွင် ဖော်ပြခံရပြီးနောက် မကြာမီ၎င်းတို့ကို အမေရိကန် နိုင်ငံခြားရေး ဌာန၊ အမျိုးသားရေကူး အဖွဲ့နှင့် အိုလံပစ်ပြိုင်ပွဲ တာဝန်ရှိသူတို့က မေးမြန်းခဲ့သည်။

 

ရေကူးသမား လေးဦးထဲမှ ဆု ၁၂ ကြိမ်ရဖူးသူတစ်ဦးသည် NBCရုပ်သံနှင့် တွေ့ဆုံခဲ့ပြီး ၄င်းတို့လေးဦးကို ဘရာဇီး ရဲတပ်ဖွဲ့ဝင်များဆိုသည့် သူများက ခေါင်းကိုသေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်မှု ခံရသည်ဟု ပြော ကြားခဲ့သည်။

ဒေါ်လာသန်း ၈၀၀ ကျော်သုံးပြီး ကမ္ဘာ့ထိပ်တန်း အေစီမီလန် ကလပ်ကို ၀ယ်ယူနိုင်သည့် တရုတ် ရင်းနှီးမြှုပ်နှံသူများ

ကမ္ဘာ့ဘောလုံး လောကတွင် နာမည်ကြီး ထိပ်တန်းကလပ် အသင်းတစ်သင်းဖြစ်သည့် အီတလီ စီးရီးအေမှ အေစီမီလန် အသင်းကို ဒေါ်လာသန်း ၈၂၅.၈ သန်းဖြင့် ၀ယ်ယူရန် တရုတ်ရင်းနှီးမြှုပ်နှံသူများက ကလပ်အသင်းပိုင်ရှင် ဘာလူစကိုနီနှင့် အကြိုသဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

သတင်းထုတ်ပြန်ချက် တစ်ခုတွင် ဘာလူစကိုနီ၏ ကုမ္ပဏီ မီနီဗက်စ်က တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကလပ်အသင်းတွင် ၄င်းတို့ကုမ္ပဏီ ပိုင်ဆိုင်သော ရှယ်ယာ ၉၉.၉၃ ရာခိုင်နှုန်းကို ၀ယ်ယူရန် သဘော တူညီခဲ့သည်ဟု ဆိုသည်။ အပြီးသတ် နောက်ဆုံးစာချုပ်ကို ၂၀၁၆  အကုန်တွင် ချုပ်ဆိုမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ဘောလုံးသမား အပြောင်းအရွှေ့

  • အာဆင်နယ် မန်နေဂျာ ၀င်းဂါးက အာဆင်နယ် အသင်း၏ ဘောလုံးသမား အရောင်းအ၀ယ်မူဝါဒနှင့် ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သည်။ ၄င်းက အသင်းသားများကို ရောင်းပြီးမှ ၀ယ်မည်ဆိုသည်မှာ မဟုတ်ဟု အလေးထား ပြောကြားခဲ့သည်။ လောလောဆယ်တွင် ဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး နှင့် ဗဟိုခံစစ်မှူးတစ်ဦး ရှာဖွေနေပြီး အသင်း၏ကလည်း ၀ယ်သင့်သည့် ဘောလုံးသမားအတွက် ထိုက်တန်သည့် ငွေကြေးသုံးစွဲမည်ဟုဆိုထားကြောင်း ပြောသည်။
  •  

ဒေါ့မွန်အလယ်တန်းလူ ခစ်တာရန်အား မန်ယူကမ်းလှမ်းမှု ဒေါ့မွန်လက်ခံ

ဂျာမန်ကလပ် ဒေါ့မွန်အသင်း၏ တိုက်စစ်အားသန် အလယ်တန်းလူ ဟင်းနရစ်ခစ်တာရန်ကို မန်ယူ အသင်းက ကမ်းလှမ်းခဲ့မှုကို ဒေါ့မွန်အသင်းက လက်ခံခဲ့သည်ဟု ဒေါ့မွန်ကလပ်အသင်း ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ပါသည်။

လာမည့်နွေရာသီ ဘောလုံး အပြောင်းအရွှေ့ ကာလတွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့်တော့မည့် အာမေးနီးယား အလယ်တန်းလူကို ဒေါ့မွန်သည် ၂၀၁၃ ခုနှစ်၌ ပေါင်း ၂၃.၅ သန်းဖြင့် အကုန်ကျခံ ခေါ်ယူခဲ့သည်။

EUမှ နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်ကလပ်သင်းများ အပြောင်းအရွှေ့ ရာသီတွင် အခက်အခဲများရှိမည်

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကြောင့် ဗြိတိန်ဘောလုံး ကလပ်အသင်းများသည် လာမည့်ဘောလုံးသမား အပြောင်းအရွေ့ ကာလတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘောလုံးသမား အပြောင်းအရွေ့ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သတိပေးပြောကြားခဲ့သည်။

ပြောင်းရွှေ့ခ ကြေးများနှင့် လုပ်ခလစာများ မြင့်တက်လာနိုင်ကြောင်း ဆဲလ်ဖို့ဒ် တက္ကသိုလ်မှ အားကစား လုပ်ငန်းများဆိုင်ရာ ပါမောက္ခတစ်ဦး ဖြစ်သည့် ဆိုင်မွန်ချတ်စစ်က ပြောကြားခြင်းဖြစ်ပြီး ၄င်းက “ဘောလုံးသမားတွေရဲ့ ဈေးနှုန်းတွေ တက်လာနိုင်တာကို ကလပ်သင်းတွေ တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စတာလင်ပေါင် တန်ဖိုး လျော့သွားတာကြောင့်ပါ”ဟု ပြောသည်။

IBF ချန်ပီယံ အန်ထော်နီ ဂျို့(စ်)၀ါ စိန်ခေါ်မှုကို ၇ ချီဖြင့် အလဲထိုး

နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ်ဖြစ်သည့် IBF ၏ ဟဲဗီးဝိတ် ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ အန်ထော်နီဂျို့(စ်)၀ါက စိန်ခေါ်သူ ဒိုမီနစ်ဘရီယာဇီးလ်ကိုကို လန်ဒန်မြို့တွင် ကျင်းပသည့် ပွဲ၌ ၇ ချီတွင် အလဲထိုးနိုင်ခဲ့သည်။

လက်ရှိချန်ပီယံ အန်ထော်နီသည် ထိုးခဲ့သမျှပွဲများတွင် ယခုအချိန်ထိ ၁၇ ပွဲအလဲထိုး အနိုင်ယူထား သူဖြစ်သည်။ အရပ် ၆ ပေ ၇ လက်မရှိသည့် ဒိုမီနစ်သည် အရပ်နှင့်အလေးချိန် အားသားချက်ကို အသုံးချခဲ့သော်လည်း အန်ထော်နီကို မယှဉ်နိုင်ခဲ့ပေ။ ဒိုမီနစ်သည် ပရော်ဖက်ရှင်နယ်ပွဲ ၁၇ ပွဲထိုးထားပြီး ရှုံးပွဲမရှိသေးသည့် အမေရိကန် လက်ဝှေ့သမား ဖြစ်သည်။

၁၉၅၈ နောက်ပိုင်းတွင် သမိုင်းမှတ်တိုင်သစ် ထူနိုင်ခဲ့သည့် ဝေးလ်အသင်း

၁၉၅၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် ရောက်ခဲ့ဖူးပြီး နောက်ပိုင်း အဓိက  ဘောလုံးပြိုင်ပွဲကြီးများတွင် နာမည်ပျောက်နေခဲ့သော ဗြိတိန်အုပ်စုဝင် ဝေးလ်အသင်းသည် ကျင်းပဆဲ ယူရို ၂၀၁၆ တွင် ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။

မိနစ် ၉၀ ပွဲပြီးချိန်အထိ  ၄င်းတို့ဘက်မှ ဂိုးမသွင်းနိုင်ခဲ့သော်လည်း မြောက်အိုင်ယာလန် အသင်း၏ နောက်တန်း အလယ်လူ၏ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မှုကြောင့် ဂိုးရရှိခဲ့ပြီး ယခုလို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟန်ဂေရီ၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီဘောလုံး အဖွဲ့ချုပ်များကို UEFA စွဲချက်တင်

ဥရောပဘောလုံး အဖွဲ့ချုပ်UEFAက သက်ဆိုင်ရာ အသင်းပရိသတ်တို့၏ စည်းကမ်းမရှိသည့် ပြုမူမှုများ အတွက် ဟန်ဂေရီ၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီဘောလုံး အဖွဲ့ချုပ်များကို စွဲချက်တင်ခဲ့သည်။

ဟန်ဂေရီ ပရိသတ်၏ အုပ်စုလိုက် အနှောင့်အယှက်ပေးမှုကို စွဲချက်တင်ရန် UEFA စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စဉ်းစားမည်ဟု သိရသည်။

၎င်းပွဲကြည့် ပရိသတ်များသည် ပွဲလုံခြုံရေး တာဝန်ရှိသူများနှင့် ပြဿနာ ဖြစ်ခဲ့ကြပြီး အိုင်ယာလန် အသင်းနှင့် ပွဲမစခင်တွင် ဂိုးတိုင်နောက်ရှိ အတားအဆီးစည်းရိုးကို ကျော်တက်ရန် ကြိုးစားခဲ့သည်ဟု   ဆိုသည်။

၁၉ မိနစ်အတွင်း ဟက်ထရစ် သွင်းယူခဲ့သည့် မက်ဆီ

အာဂျင်တီနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပနားမား အသင်းကို ၅ ဂိုးပြတ် အနိုင်ရခဲ့သည့် ကိုပါ အမေရိက ပွဲစဉ်တွင် ၁၉ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

Pages