World Sports

ဒရော့ဘာ အကြောင်း ပြင်သစ်မှာ ရုပ်ပြထုတ်ဝေ

အိုင်ဗရီကို့စ် နိုင်ငံရဲ့ ဘောလုံး သူရဲကောင်း ဒရော့ဘာ အကြောင်းကို ပြင်သစ်နိုင်ငံမှာ ရုပ်ပြအဖြစ် ထုတ်ဝေ လိုက်တယ်လို့ သိရှိရပါတယ်။

စာအုပ်ရဲ့ အမည်ကို ဒီဒီယ ဒရော့ဘာလို့ ပေးထားတဲ့ ဒီစာအုပ်မှာ လက်ရှိ ဂါလာတာဆာရေး တိုက်စစ်မှုးရဲ့ ဘ၀ဇာတ်ကြောင်းကို သရုပ်ဖော်ထားပြီး အိုင်ဗရီကို့စ်က ထွက်ခွာလာတာ ကနေ စတင် ထားတယ်လို့ ဆိုပါတယ်။

ဘောလုံးသမား တစ်ယောက် အကြောင်းကို ရုပ်ပြအဖြစ် ထုတ်ဝေတာဟာ ဒရော့ဘာက ပထမဆုံး မဟုတ်ဘဲ အရင်ကလည်း ၀ဲကော့၊ အီတူး၊ လမ်းပတ် တို့ရဲ့ ဘ၀ အကြောင်းတွေကို ထုတ်ဝေ ခဲ့ဖူးတယ်လို့ သိရ ပါတယ်။

 

ပြိုင်ဖက် ကစားသမားကို ခေါင်းနဲ့တိုက်ခဲ့တဲ့ ပါဂျူးကို အသင်းက ဒဏ်ရိုက်

ဟားလ်စီးတီးကို ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြိုင်ဖက် ဘောလုံးသမားကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ နယူးကာဆယ်လ် နည်းပြ ပါဂျူးကို အသင်း အာဏပိုင်တွေက စတာလင် ပေါင်(၁၀၀၀၀၀)ဒဏ်တပ် လိုက်တယ်လို့ သိရှိ ရပါတယ်။

ပါဂျူးဟာ ပြီးခဲ့တဲ့ စနေက ကစားခဲ့တဲ့ ပရီးမီးယား ပွဲစဉ်မှာ ပြိုင်ဖက် ကစားသမား ဒေးဗစ် မေလာကို ခေါင်းနဲ့ တိုက်ခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အက်ဖ်အေရဲ့ အရေးယူမှု ကိုလည်း ခံရဖွယ် ရှိနေတယ်လို့ သိရှိ ရပါတယ်။

 

စာသင်ကျောင်း လှူတဲ့ ရှာကီယာ

ဘာစီလိုနာ နောက်တန်း ကစားသမား ပီကေးရဲ့ ချစ်သူ ရှာကီယာဟာ အမိ နိုင်ငံ ကိုလံဘီယာကို ပြန်ပြီး စာသင်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရှိ ရပါ တယ်။

ရှာကီယာ ဖွင့်လှစ်ပေး ခဲ့တဲ့ စာသင်ကျောင်းဟာ ကိုလံဘီယာမှာ တစ်နှစ်ကို ကလေးငယ်ပေါင်း (၁၇၀၀)လောက်ကို သင်ကြား မွေးထုတ်ပေးနေတဲ့ ကျောင်းဖြစ်ပြီး ဒီကျောင်းအတွက် ကုန်ကျ စရိတ်တွေကို ရှာကီယာရဲ့ သင်တန်းကျောင်း ကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

Pages