World Sports

၁၉ မိနစ်အတွင်း ဟက်ထရစ် သွင်းယူခဲ့သည့် မက်ဆီ

အာဂျင်တီနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပနားမား အသင်းကို ၅ ဂိုးပြတ် အနိုင်ရခဲ့သည့် ကိုပါ အမေရိက ပွဲစဉ်တွင် ၁၉ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။

ယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်း အကောင်းဆုံး အခွင့်အရေးရှိပြီး စပိန်အသင်း အကောင်းဆုံး ခြေစွမ်းပြလိမ့်မည်ဟု ပီလီသုံးသပ်

အခုယှဉ်ပြိုင် ကစားနေသည့် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ဂျာမနီအသင်းဟာ ဗိုလ်စွဲရန် အကောင်းဆုံး အခွင့်အရေးရှိနေပြီး စပိန်အသင်း အနေဖြင့်လည်း ခြေစွမ်းပြလိမ့်မည်ဟု ဘရာဇီး ဂန္ဓ၀င် ကစားသမားဟောင်း ပီလီက သုံးသပ်ပြောကြားသည်။ ပီလီအနေဖြင့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် သရုပ်ပြကစားရန် ပြင်သစ်ကို ရောက်ရှိ နေစဉ်သုံးသပ်ပြောကြားခဲ့တာ ဖြစ်သည်။

ရုရှား - အင်္ဂလန်ဘောလုံး ပရိသတ်အကြား ခိုက်ရန်ဖြစ်မှုကြောင့် ဗြိတိန်နိုင်ငံသားများ ဆေးရုံရောက်

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ လောကတွင် အင်္ဂလန် ပရိသတ်ဆိုသည်မှာ နာမည်ဆိုးနှင့် နာမည်ကြီးခဲ့သည့် သာဓကများကို တစ်ချိန်ကရှိခဲ့သော အဖြစ်အပျက်များက ဖော်ပြခဲ့ကြသည်။ ယခုအချိန်တွင်တော့ ၄င်းတို့နေရာကို ယူမည့်ပြိုင်ဖက် ပရိသတ်အုပ်စု ပေါ်ထွက်လာခဲ့ပြီးဟု ထင်မှတ်ယူစရာ ဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ ကျင်းပနေသည့် ယူရို ၂၀၁၆ ပွဲတွင် အင်္ဂလန်နှင့် ရုရှားပွဲ မတိုင်မီနှင့် ပွဲကျင်းပသည့် အချိန်တို့တွင် ဖြစ်ပေါ်လာခဲ့သည်။

ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ကိုလံဘီယာအသင်း နာမည်စာလုံးပေါင်းမှား၍ ကြော်ငြာခဲ့မိသည့် Addias ကုမ္ပဏီ

နာမည်ကြီး အားကစားပစ္စည်း ထုတ်လုပ်သော ဂျာမန်ကုမ္ပဏီဖြစ်သည့် Addias သည် ကျင်းပလျက် ရှိသော ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် ၄င်းကုမ္ပဏီ၏ ဈေးကွက်မြှင့်တင်ရေး ကြော်ငြာ တစ်ခုတွင် ကိုလံဘီယာအသင်း၏ နာမည်ကို စာလုံးပေါင်းမှားယွင်း ဖော်ပြမိခဲ့သည်။

လက်စတာ တိုက်စစ်မှူး ဗာဒီကို အာဆယ်နယ်က အပြီးသတ် ခေါ်ယူနိုင်မည်ဟု သတင်းများထွက်ပေါ်

ပရီးမီယားလိဂ် ချန်ပီယံ လက်စတာ အသင်း၏ အားထားရသော တိုက်စစ်မှူး ဗာဒီကို အခုရက်ပိုင်း အတွင်း အာဆယ်နယ် အသင်းမှ အပြီးသတ် ခေါ်ယူသွားနိုင်မည်ဟု အင်္ဂလန် သတင်းစာ အများစုက ဖော်ပြခဲ့သည်။

အင်္ဂလန် သတင်းစာများ၏ ဖော်ပြချက်အရ ဂျင်နီဗာဒီကို အာဆင်နယ် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး ယူရို ၂၀၁၆ မတိုင်ခင် ခေါ်ယူသွားမည်ဟု ခန့်မှန်းသည်။

ဒီဂီယာ မန်ယူတွင် ဆက်ရှိမည်

မန်ယူအသင်းတွင် ဂိုးသမားဒီဂီယာ အနေနှင့် ထွက်ခွာသွားမည် မဟုတ်ဘဲ နည်းပြသစ် မော်ရင်ဟိုနှင့် အတူ ဆုဖလားများ ရယူသွားရန် ဆန္ဒရှိနေသည်ဟု ဂိုးသမား ဒီဂီယာမှ အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဒီဂီယာသည် ရီးရဲမက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း အပြောင်းအရွှေ့ရာသီ မပိတ်မီတွင် လိုအပ်သော စာရွက်စာတမ်းများ အချိန်မီ တင်ပြနိုင်ခြင်း မရှိသောကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ဂိုးသမား ဒီဂီယာသည် မန်ယူအသင်းနှင့် ၃ နှစ်ကျော် စာချုပ်ကျန်ရှိ နေသေးသည်။

အင်္ဂလန်တိုက်စစ် အတွဲကို ရေရှည်စောင့်ကြည့်စေလိုကြောင်း ဟာရီကိန်း တောင်းဆို

အင်္ဂလန်တိုက်စစ်အတွဲ ဖြစ်သော ရွန်းနီ၊ ဗာဒီနှင့် ဟာရီကိန်းတို့ သုံးဦးသည် ပေါ်တူဂီနှင့် ခြေစမ်း ကစားပွဲတွင် အခွင့်အရေး အနည်းငယ်သာ ဖန်တီးနိုင်ခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက ၄င်းတို့သုံးဦး တိုက်စစ်အတွဲကို ရေရှည် စောင့်ကြည့်စေလိုကြောင်း ပြောခဲ့သည်။

ပေါ်တူဂီ အသင်းကို နောက်ခံလူ စမောလင်း၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ ပွဲတွင် အင်္ဂလန် တိုက်စစ်မှူး သုံးဦးမှာ ဂိုးသွင်းခွင့် အခွင့်အရေးများကို ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။

မော်ရင်ဟိုနှင့် သုံးနှစ်စာချုပ်ချုပ်ပြီးနောက် ထွက်ခွာရမည့် ကစားသမားနှင့် ၀ယ်ယူမည့် ကစားသမား စာရင်း ထွက်ပေါ်

မန်ယူအသင်းသည်  နည်းပြမော်ရင်ဟိုနှင့် တစ်နှစ်ပေါင် ၁၅ သန်း တန်ကြေးရှိ  သုံးနှစ်စာချုပ်ကို မကြာမီ ရက်ပိုင်း အတွင်းက ချုပ်ဆိုခဲ့သည်။  ယင်းစာချုပ် ချုပ်ဆိုပြီးနောက် မန်ယူအသင်းမှ ထွက်ခွာမည့် လူစာရင်းနှင့် ၀ယ်ယူမည့် လူစာရင်းများ ထွက်ပေါ်လာခဲ့သည်။

မြို့ခံပြိုင်ဘက်ကို အနိုင်ယူပြီး ရီရဲလ်မက်ဒရစ်အသင်း ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ရယူ

ယခုနှစ် ချန်ပီယံလိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် စပိန်ကလပ် အသင်းနှစ်သင်းဖြစ်တဲ့ ရီရဲလ်မက်ဒရစ် အသင်းနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ဆုံတွေ့ခဲ့ရာတွင် ရီးရဲလ်မက်ဒရစ်အသင်းက မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို အနိုင်ယူခဲ့ပြီး ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့သည်။

ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည့် ဟားစီးတီး

ပရီးမီးယားလိဂ် နောက်ဆုံး လက်ကျန် တစ်နေရာအတွက် ကစားခဲ့သော တန်းတက်ဖိုင်နယ်ပွဲစဉ်ကို လန်ဒန်မြို့ ၀င်ဘလေကွင်းတွင် ဟားစီးတီးအသင်းနှင့် ရှက်ဖီးဝမ်းနက်ဒေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဟားစီးတီး အသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တက်ရောက်နိုင်ခဲ့သည်။

ဟားစီးတီးအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲစဉ်ဒုတိယပိုင်း ၇၂ မိနစ်တွင် ဒီယာမီက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဟားစီးတီးအသင်းသည် ပြီးခဲ့သည့်နှစ်တွင် ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီး ရက်ပေါင်း ၃၇၀ ကျော် အကြာတွင် တစ်ကျော့ပြန် ပြန်လည် တန်းတက်လာခဲ့ခြင်းဖြစ်သည်။

Pages