World Sports

စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်၌ တစ်ရက်အတွင်း တစ်လှည့်စီနေခဲ့ကြသည့် ထိပ်သီးသုံးသင်း

ပြီးခဲ့သည့် စနေညတွင် ကစားခဲ့သော စပိန်လာလီဂါပွဲစဉ်တွင် ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြသော လာလီဂါထိပ်သီး သုံးသင်းသည် စနေနေ့ညတွင် တစ်လှည့် စီအမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကြသည်။

 

သို့သော် နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ သူမှာ ဘာစီလိုနာ အသင်းဖြစ်ခဲ့သည်။ ဘာစီလိုနာ အသင်းသည် ရီးရဲဘက်တစ်အသင်းကို ၂-၀ဂိုးဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေခဲ့သည်။

အသင်းပရိသတ်၏ မနှစ်မြို့ ခြင်းကိုခံရသည့် အဲဗာတန်နည်းပြ

ဘုန်းမောက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီးတွင် အဲဗာတန်အသင်းနည်းပြ မာတီနက်ကို အသင်းပရိသတ်က “အသင်းမှထွက်သွား”ဟု ရေးသားထားသော ဆိုင်းဘုတ်ငယ်များ ထောင်ပြပြီး အရေးဆိုခဲ့သည်။

အသင်းကို ထောက်ခံသူများက အဲဗာတန်အသင်း ဥက္ကဋ္ဌကိုလည်း ရာထူးမှ ဖယ်ပေးဟု တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

တန်းဆင်းဇုံမှ လွတ်မြောက်ရန် အခြေအနေကောင်းလာသည့် နယူးကာဆယ်

အက်ဖ်အေဖလား ဗိုလ်လုပွဲသို့ ရောက်ရှိနေသည့် ခရစ်စတယ်ပဲလေ့စ် အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ တွင် အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး တန်ဆင်းဇုန်မှ လွှတ်မြောက်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။

ထိုပွဲတွင် ဂိုးသွင်းယူခဲ့သည့် တောင်ဆန်ကို နည်းပြ ဘန်နီတက်စ်က ချီးကျူးစကားပြောကြားခဲ့သည်။ နယူးကာဆယ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက် ဘန်နီတက်စ်၏ လက်အောက်တွင် လေးပွဲဆက်တိုက် အရှုံးမရှိဘဲ ကစားနိုင်ခဲ့သည်။

ဘောလုံးသတင်းတိုများ

-    ပေါ်တူဂီမှ သတင်းများအရ မော်ရင်ဟိုသည် မန်ယူအသင်းကို တာဝန်ယူရန်အတွက် စာချုပ်တွင် လက်မှတ်ထိုးပြီးပြီဟု သိရသည်။

-    လက်စတာ ဂိုးသမား ကက်ရှ်ပါရှမိုက်ကယ်ကို ဘာစီလိုနာက ပစ်မှတ်ထားနေသည်ဟု သိရသည်။ ဘာစီလိုနာ အသင်း၏ လက်ရှိဂိုးသမားဖြစ်သူ စတီဂျင်သည် အသင်းမှ ထွက်ခွာတော့မည်ဖြစ်သဖြင့် ဂိုးသမားအသစ် ရှာဖွေနေခြင်း ဖြစ်သည်။

-    အဲဗာတန်အသင်း၏ နည်းပြ မာတီနက် အထုတ်ခံရပါက ၄င်း၏နေရာတွင် ဘုန်းမောက် နည်းပြ အက်ဒီဟိုဝီကို ခန့်အပ်နိုင် ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

-    အက်ဖ်အေဖလားကို ရခဲ့လျှင်လည်း ၄င်း၏နေရာကို ဆက်လက် ထိန်းနိုင်ဖို့ မလုံလောက်ဟု လူးဝစ်ဗန်ဟားက ပြောသည်။

 

မာရှယ်၏ အချိန်ပိုနောက်ကျဂိုးဖြင့် မန်ယူ အက်ဖ်အေဖလား ဗိုလ်လုပွဲတက်

ပြီးခဲ့သည့် စနေနေ့က ၀င်ဘလေကွင်းတွင် ကစားခဲ့သော အက်အေဖလား ဆီမီးဖိုင်နယ်ပွဲတွင် မန်ယူအသင်းက အဲဗာတန်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရ၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားနိုင်ခဲ့သည်။

ဆွာရက်ဇ်၏ သွင်းဂိုးလေးဂိုးအပါအ၀င် စပို့တင်းဂီဂျွန်ကို ၆-၀ ဖြင့်နိုင်ပြီး စပိန်လာလီဂါတွင် ဘာစီလိုနာ ဆက်လက်ဦးဆောင်နေ

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော စပိန်လာလီဂါပွဲစဉ် ၃၅တွင် ဘာစီလိုနာ အသင်းသည် ဆွာရက်ဇ်၏ သွင်းဂိုး လေးဂိုး အပါအ၀င် ပြိုင်ဘက် စပို့တင်းဂီဂျွန် အသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် နိုင်ပြီး လာလီဂါ၏ အမှတ်ပေးဇယားတွင် ဆက်လက် ဦးဆောင်နေခဲ့သည်။

ဗယ်လက်ကာနိုကို သုံးဂိုးနှစ်ဂိုးဖြင့် နိုင်ခဲ့သောပွဲတွင် ခြေစွမ်းပြခဲ့သည့် ဂါရတ်ဘေးလ်ကို ဇီဒန်း ချီးကျူး

စပိန်လာလီဂါ ပွဲစဉ် ၃၅၏ ရာယိုဗယ်လက်ကာနိုကွင်းတွင် ကစားခဲ့သောပွဲ၌ နောက်မှလိုက်၍ ဂိုးများသွင်းပြီး ၃-၂ ဖြင့် နိုင်ခဲ့သောပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်းကို လှုံ့ဆော်ဦးဆောင်ပေးခဲ့သော ဂါရတ်ဘေးလ်ကို အံမခန်း လက်ဖျားခါလောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်ဟု ရီးယဲလ်အသင်း နည်းပြ ဇီဒန်းက ချီးကျူး ပြောကြားခဲ့သည်။

ခြေစမ်းပွဲတွင် နောက်ကျဂိုးများဖြင့် ဂျာမနီကို အင်္ဂလန် အနိုင်ရ

ယခုတစ်ပတ်တွင် ဥရောပ အမှတ်ပေး ပြိုင်ပွဲများ၊ ဥရောပ ရှုံးထွက်ဖလား ပွဲစဉ်များ ရပ်နားထားခဲ့ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲအဖြစ် ဂျာမနီအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

 

အိမ်ရှင် ဂျာမနီအသင်းကလည်း ဂိုးမက်ဇ်၊ ပိုဒေါစကီး၊ အန်ဒရီရှာရယ်၊ တိုနီခရူး စသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့ပြီး အင်္ဂလန်အသင်းကို ပွဲစသည်နှင့် တရစပ် ထိုးဖောက်ရန် ကြိုးပမ်းခဲ့သည်။

မန်ယူအသင်းကို ကိုင်တွယ်ခွင့်ရလျှင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ဝယ်ယူသွားမည်ဟု မော်ရင်ဟို ပြောကြား

ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟို အနေဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ခွင့် ရရှိချိန်တွင် စပါးအသင်းတွင် ခြေစွမ်းပြ ကစားနေသော လူငယ်ကြယ်ပွင့် ဟယ်ရီကိန်းကို အဓိက ခေါ်ယူမှုတစ်ခုအဖြစ် ပစ်မှတ်ထားသွားမည် ဖြစ်ကြောင်း ပြီးခဲ့သောရက်က ပြောကြားခဲ့သည်။

မန်ယူအသင်းတွင် ၀ါရင့်တိုက်စစ်မှူး ၀ိန်းရွန်းနီ ဒဏ်ရာရရှိနေပြီး ခြေစွမ်းများလည်း ကျဆင်းလာခဲ့ချိန်တွင် လူငယ်တိုက်စစ်မှူးများဖြစ်သော ဒီပေး၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ဖြင့် အစားထိုးခဲ့သော်လည်း ခြေစွမ်းတည်ငြိမ်မှု မရှိခြင်းကြောင့် ခြေစွမ်းပြ တိုက်စစ်မှူး ဟယ်ရီကိန်းကို ၀ယ်ယူရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်၌ ပွဲကြပ်ကာလကို ခြေစွမ်းမှန်မှန်ဖြင့် ဖြတ်သန်းပြီး ဗိုလ်စွဲရန် ရေပန်းစားလာသည့် လက်စတာစီးတီး

၂၀၁၅-၂၀၁၆ ပရီးမီးယားလိဂ် ပွဲစဉ်များ စတင်ချိန်ကတည်းက ခြေစွမ်းမှန်မှန်ဖြင့် အမှားအနည်းဆုံး ကစားနိုင်ခဲ့သည့် လက်စတာစီးတီး အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၅တွင်လည်း အဝေးကွင်းတွင် မန်စီးတီးအသင်းကို ၃-၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။

Pages