World Sports

ဗန်ဟားလ်၏ နေရာတွင် ချယ်ဆီးနည်းပြဟောင်း စပယ်ရှယ်ဝမ်း မော်ရင်ဟိုအား အစားထိုးမည့် သတင်းများ ထွက်ပေါ်

မန်ယူအသင်းမှ ထုတ်ပယ်ခံရရန် နီးစပ်နေသည့် လူးဝစ္စဗန်ဟားလ်၏ နေရာတွင် ချယ်ဆီးအသင်း၏ နည်းပြဟောင်း လက်ရှိ အသင်းလက်မဲ့ ဖြစ်နေသည့် နာမည်ကြီးနည်းပြ မော်ရင်ဟိုအား ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်းသတင်းများကို BBCသတင်းဌာနမှ အဓိက ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိနည်းပြ လူးဝစ်ဗန်ဟားလ်၏ ကစားပုံနှင့် နည်းစနစ်ပိုင်းကို ပရိသတ်များ ကြိုက်နှစ်သက်ခြင်း မရှိဘဲ ထုတ်ပယ်ရန်သာ ဆန္ဒရှိနေကြခြင်းဖြစ်သည်။

နာမည်ကြီး ဆရီနာဝီလျံကို အနိုင်ရရှိပြီး ပထမဦးဆုံး ဂရင်းစလင်းဆု ရရှိခဲ့သည့် အန်ဂျလစ်ကာဗာ

ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းစလင်းပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် တက်ရောက်ကစားခွင့် ရရှိသော  ဂျာမနီတင်းနစ်မယ် အန်ဂျယ်လစ်ကာဘာသည် နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံကို အနိုင်ရရှိပြီး ပထမဦးဆုံး ဂရင်းစလင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

 

ပရီးမီးယားလိဂ် အသင်းကြီးများ အနိုင်ရရှိခဲ့သည့် အက်ဖ်အေဖလား

ကမ္ဘာ့သက်တမ်းအရင့်ဆုံး ပြိုင်ပွဲဖြစ်သော ၁၃၅ကြိမ်မြောက် ကျင်းပသည့် ပြီးခဲ့သော စနေနေ့က အက်ဖ်အေဖလား ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ပရီးမီးယားလိဂ် အသင်းကြီးများ ဖြစ်သော မန်ယူ၊ အာဆင်နယ်၊ မန်စီးတီးအသင်းများ အပါအ၀င် ကျန်ပရီးမီးယားလိဂ် အသင်းများ အားလုံးနီးပါးလည်း အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းမှာ ချန်ပီယံရှစ် အသင်းဖြစ်သော ရှက်ဖီးယူနိုက်တက် အသင်းကို ခြေစွမ်းပိုင်းအရ အသာစီး မရခဲ့သော်လည်း တိုက်စစ်မှူး ၀ိန်းရူနီ၏ ပင်နယ်တီသွင်းဂိုးဖြင့် ကံကောင်းထောက်မစွာ အနိုင်ရရှိခဲ့သည်။ အခြားပွဲစဉ်ဖြစ်သော အာဆင်နယ်အသင်းနှင့် ဆန်းဒါးလန်းအသင်းတို့၏ ပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း အာဆင်

မန်ယူဂိုးပေါက်ပြန်တွေ့ပြီး ရွန်းနီ ကယ်တင်လိုက်သည့် မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အသင်းကြီးများ အားလုံးနီးပါး အနိုင်ရရှိခဲ့ကြပြီး ရှုံးပွဲများဆက်နေခဲ့သော မန်ယူအသင်းမှာ အိမ်ကွင်းတွင် ဆွမ်ဆီးအသင်းကို ၂-၁ဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင်နယ် အသင်းမှာလည်း အိမ်ကွင်းတွင် နယူးကာဆယ်လ် အသင်းကို အသည်းအသန် ကစားကာ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အဖိုးတန် ၃မှတ် ရယူနိုင်ခဲ့သည်။

နည်းပြအပြောင်းအလဲ အလှုပ်အခတ်များနေသည့် နာမည်ကြီး ပရီးမီးယားလိဂ် အသင်းများ

ပရီးမီးယားလိဂ်ပွဲစဉ် ၁၆တွင် ပြိုင်ပွဲ စတင်ချိန်မှစ၍ တောက်လျှောက် ခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့သော လတ်စတာစီးတီး အသင်းကို ချဲလ်ဆီးအသင်းက၂-၁ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုနှင့် အသင်းတို့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။

လမ်းခွဲပြီးနောက် မော်ရင်ဟိုအနေဖြင့် စာချုပ်အရ အသင်းမှ လျော်ကြေးငွေ သန်း၄၀ ရရှိမည်ဖြစ်သည်။ ကနဦး သတင်းများအရ ၁၀သန်းသာ ယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသင်းအတွက် လိုအပ်သည့် နေရာများတွင် အသုံးချရန် တစ်ပြားတစ်ချပ်မှ မယူခဲ့ဟု နိုင်ငံတကာ သတင်းများက ဆိုသည်။

အကျင့်ပျက် ခြစားမှုအတွက် ဖီဖာခေါင်းဆောင်များကို ထုတ်ပယ်ခဲ့သည့်အပြင် UEFA ဥက္ကဋ္ဌ ပလာတီနီကိုပါ ရက် ၉၀ ရာထူးမှ ရပ်ဆိုင်းခဲ့

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ အဖွဲ့အစည်း၏ အတွင်းပိုင်း လာဘ်ပေးလာဘ်ယူ ခြစားမှုအတွက် ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာနှင့် ဖီဖာ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ် ဂျရယ်မီဗယ်လ်ကီးတို့ကို လုပ်ငန်းတာဝန်မှ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော သတင်းသည် ထူးခြားမှု မရှိခဲ့သော်လည်း UEFA ဥက္ကဋ္ဌ မီချယ်ပလာတီနီကို ရာထူးမှ ရက် ၉၀ ရပ်ဆိုင်းကြောင်း ဖီဖာ၏ ကျင့်ဝတ်ကော်မတီမှ ကြေညာခဲ့သည့် အတွက် အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရသည်။

ပလာတီနီသည် ယခင် ကတည်းက ဘောလုံး လောကတွင် သြဇာကြီးမားပြီး နာမည်ကောင်း ရရှိထားသူ တစ်ဦး ဖြစ်သော်လည်း ကျင့်ဝတ် ကော်မတီ၏ ထုတ်ပြန်ခဲ့သော ဘောလုံး လောကနှင့် ရက်၉၀ မပတ်သက်ရဟူသည့် ကြေညာချက် ထုတ်ပြန်ခံခဲ့ရသည်။

မန်ယူနှင့် ချဲလ်ဆီးတို့ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ပရီးမီးယား လိဂ်ပွဲစဉ်(၈)

ယခုတစ်ပတ် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် (၈) ပြိုင်ပွဲများကို  ဆက်လက် ကျင်းပခဲ့ရာ အစဉ်အလာ ပြိုင်ဘက်များဖြစ်သော အာဆင်နယ် အသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ် အသင်းက ပွဲစပြီး မိနစ် ၂၀ အတွင်း ၃ ဂိုးသွင်းယူကာ မန်ယူအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

အာဆင်နယ် အသင်းအတွက်  သွင်းဂိုးများကို ဆန်းချက်နှင့် အိုဇေးတို့မှ သွင်းယူသွားခဲ့ပြီး အဝေးကွင်းတွင် လာရောက် ယှဉ်ပြိုင်သော မန်ယူအသင်းကို မရှုမလှရှုံးနိမ့် စေခဲ့ခြင်း ဖြစ်သည်။

မန်ယူ၊ အာဆင်နယ် ဂိုးပြတ်နိုင်ပြီး ပြိုင်ဘက်အသင်းကြီးများ သရေနှင့် အရှုံးကြုံတွေ့ခဲ့ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်

ပရီးမီးယားလိဂ် ပွဲစဉ်(၇) ပြိုင်ပွဲများကို ဆက်လက် ယှဉ်ပြိုင် ကစားကြရာ အာဆင်နယ်နှင့် မန်ယူအသင်းတို့ ဂိုးပြတ် အနိုင်ရရှိခဲ့ကြသော်လည်း မန်စီးတီးအသင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ချယ်လ်ဆီး အသင်းမှာလည်း နယူးကာဆယ် အသင်းကို အသည်းအသန် ကစားရကာ သရေ ရလဒ်သာ ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

အာဆင်နယ် အသင်းက လက်စတာစီးတီး အသင်းကို အဝေးကွင်းတွင် ဆန်းချက်ဇ်၏ ဟက်ထရစ် အပါအ၀င် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ယူ အသင်းမှာလည်း ဆန်းဒါးလန်း အသင်းကို ဒီပေး၊ ရွန်နီ၊ မာတာတို့၏ သွင်းဂိုးများဖြင့် ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ဖီဖာ ဥက္ကဋ္ဌဟောင်း ဘလတ္တာ ကြွေးမြီပြဿနာများ အတွက် ဖြေရှင်းနေရ UEFA ဥက္ကဋ္ဌ ပလာတီနီကိုလည်း ဒေါ်လာ ၂ သန်း ပေးရန် ကျန်ရှိနေ

ပြီးခဲ့သော ရက်အတွင်းက ဆွစ်ဇာလန် အာဏာပိုင်များ၏ ဖော်ထုတ်ချက်များအရ ဖီဖာ ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာသည် ကြွေးမြီ အရှုပ်အရှင်းများစွာ ရှိနေပြီး UEFA ဥက္ကဋ္ဌ မီချယ်ပလာတီနီကိုပင် ကြွေးမြီများ ပေးရန် ကျန်ရှိနေသည်ဟု သိရသည်။

ဆွစ်ဇာလန် အာဏာပိုင်များ အနေဖြင့် ဘလတ္တာ ဖီဖာဥက္ကဋ္ဌ ရာထူး နုတ်ထွက်ချိန်မှ စ၍ သူ၏ ရုံးခန်းနှင့် အချက်အလက်များကို စစ်ဆေးခဲ့ရာ ယခုကဲ့သို့ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

စိန်ခေါ်သူ အက်ဒရီယန်ဘာတိုကို အနိုင်ရရှိပြီး မေ၀ယ်သာ ၄၉ ပွဲဆက် အောင်ပွဲခံ

WBC နှင့် WBA ရွှေခါးပတ် ချန်ပီယံဘွဲ့များကို ရရှိထားသူ ဖလွိုက်မေ၀ယ်သာသည် တနင်္ဂနွေနေ့တွင် စိန်ခေါ်သူ အက်ဒရီယန် ဘာတိုနှင့် ထိုးသတ်ခဲ့ရာ လက်စွမ်းအသာဖြင့် ထိုးသတ်ခဲ့ပြီး ၄င်း၏ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

MGM Grandတွင် ကျင်းပသော ယင်းလက်ဝှေ့ပွဲတွင် အသက် ၃၈နှစ်ရှိပြီဖြစ်သော မေ၀ယ်သာက ၄င်းထက် ၆နှစ်ခန့်ငယ်သော ဘာတိုကို ၁၂၀-၁၀၈၊ ၁၁၈-၁၁၀၊ ၁၁၇-၁၁၁ဖြင့် အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။

Pages