World Sports

စိန်ခေါ်သူ အက်ဒရီယန်ဘာတိုကို အနိုင်ရရှိပြီး မေ၀ယ်သာ ၄၉ ပွဲဆက် အောင်ပွဲခံ

WBC နှင့် WBA ရွှေခါးပတ် ချန်ပီယံဘွဲ့များကို ရရှိထားသူ ဖလွိုက်မေ၀ယ်သာသည် တနင်္ဂနွေနေ့တွင် စိန်ခေါ်သူ အက်ဒရီယန် ဘာတိုနှင့် ထိုးသတ်ခဲ့ရာ လက်စွမ်းအသာဖြင့် ထိုးသတ်ခဲ့ပြီး ၄င်း၏ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

MGM Grandတွင် ကျင်းပသော ယင်းလက်ဝှေ့ပွဲတွင် အသက် ၃၈နှစ်ရှိပြီဖြစ်သော မေ၀ယ်သာက ၄င်းထက် ၆နှစ်ခန့်ငယ်သော ဘာတိုကို ၁၂၀-၁၀၈၊ ၁၁၈-၁၁၀၊ ၁၁၇-၁၁၁ဖြင့် အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။

အသင်းကြီးများအားလုံး အနိုင်ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်

ယူရို ၂၀၁၆ ပွဲစဉ်များကြောင့် တစ်ပတ်တာ ရပ်နားထားခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်များကို ဆက်လက် ကစားခဲ့ရာ ပွဲကောင်းတစ်ပွဲဖြစ်သော မန်ယူ အသင်းနှင့် လီဗာပူး အသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်း၏ အသစ်ဝယ်ယူထားသော လူငယ် ကစားသမား မာရှယ်၏ ခြေစွမ်းပြမှုများနှင့်အတူ လီဗာပူး အသင်းကို ၃-၁ ဂိုး အနိုင်ရရှိခဲ့သည်။

ပွဲစဉ်တစ်လျှောက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ကြသော်လည်း မန်ယူအသင်း၏ အချိတ်အဆက် မိမိဖြင့် ကစားသမားသစ် မာရှယ်၏ ခြေစွမ်းပြ သွင်းဂိုးများက လီဗာပူးအသင်းကို ရှုံးနိမ့်စေခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ဂိုးပြတ် အနိုင်ရရှိခဲ့သော ယခုတစ်ပတ် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်များ

ယူရို ၂၀၁၆ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ အသင်းကြီးများ အားလုံး အနိုင်ရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန် အသင်းမှာလည်း ဆန်မာရီယို အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲစဉ်တွင် အင်္ဂလန် အသင်းမှာ ဆန်မာရီယို အသင်းကို ပွဲစဉ်တစ်လျှောက် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲပြီးတွင် ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အခြား အသင်းကြီးများ ဖြစ်သော ဂျာမနီ အသင်းက ပိုလန် အသင်းကို ၃ - ၁ ဂိုးဖြင့် လည်းကောင်း၊ ယူကရိန်း အသင်းက ဘီလာရုစ် အသင်းကို ၃ - ၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

အိမ်ကွင်းတွင် ချယ်လ်ဆီးနှင့် လီဗာပူးတို့ ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)

ပရီးမီးယားလိဂ် ပွဲစဉ်(၄) စနေနေ့ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီး အသင်းနှင့် လီဗာပူး အသင်းတို့မှ အိမ်ကွင်းတွင် ရှုံးပွဲတွေ့ခဲ့ပြီး အာဆင်နယ် အသင်းနှင့် မန်စီးတီး အသင်းတို့မှာမူ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ချက်တန်နူဂါရေတပ်သို့ ၀င်ရောက်ပစ်ခတ်ခဲ့သူသည် MMA (Mixed Martial Arts)၏ ကစားသမားဟောင်း တစ်ဦးဖြစ်နေ

အမေရိကန်နိုင်ငံ တင်နက်ဆီ ပြည်နယ်ရှိ ချက်တန်နူဂါ ရေတပ်သို့ ၀င်ရောက်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပစ်ခတ်ခဲ့သူ မိုဟာမက် ယူဆွတ်ဖ် အက်ဘ်ဒူလာဇက်သည် ယခင်က MMA (Mixed Martial Arts) လက်ဝှေ့ထိုးခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ချက်များအရ သိရသည်။

၎င်းသည် ချက်တန်နူဂါ လက်ဝှေ့ကလပ်တွင် လေ့ကျင့်ထိုးသတ်သူ တစ်ဦးဟုလည်း သိရပြီး၊ ၂၀၀၉ ခုနှစ်က အနည်းဆုံး တစ်ပွဲ ထိုးသတ်ခဲ့ဖူးသည်ဟုလည်း သိရသည်။

အက်ဘ်ဒူလာဇက်သည် ၂၀၀၉ခုနှစ်က တင်မီဟော်လ်နှင့် ဂျော့ဒန် အရီးနားတွင် ထိုးသတ်ခဲ့ဖူးပြီး ငယ်စဉ်ကတည်းက MMA လက်ဝှေ့ထိုးသတ်ရသည်ကို စိတ်ဝင်စားသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

ဂျူပင်တပ်စ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဘာစီလိုနာ အသင်း ၅ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူး

စပိန်လာလီဂါ ချန်ပီယံနှင့် အီတလီ စီးရီးအေ ချန်ပီယံတို့ ထိပ်တိုက်တွေ့ဆုံခဲ့သော ချန်ပီယံလိဂ် ဖိုင်နယ်တွင် ဘာစီလိုနာ အသင်းက ဂျူပင်တပ်စ် အသင်းကို ၃-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သည်။

ပွဲကစားချိန် တစ်လျှောက် ဘာစီလိုနာ အသင်းကသာ တရစပ် ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲစပြီး ၄ မိနစ်တွင်ပင် ကွင်းလယ်ကစားသမား ရာကီတစ်က အဖွင့်ဂိုး သွင်းယူသွားခဲ့သည်။

ဂျူပင်တပ်စ် အသင်းကလည်း ချေပဂိုးရရှိရန် အတွက် အစွမ်းကုန် ကြိုးစားကစားခဲ့ရာ ပွဲကစားချိန် ၅၅မိနစ်တွင် မိုရာတာက ချေပဂိုး သွင်းယူသွားခဲ့သည်။

ပက်ကွီအိုမှာ သရဲဘောကြောင်သူ တစ်ဦး ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ဟု မေ၀ယ်သာပြောကြား

အမေရိကန် လက်ဝှေ့ အကျော်အမော် ဖလွိုက်မေ၀ယ်သာသည် ပက်ကွီအိုအား သရဲဘောကြောင်သူ တစ်ဦးဖြစ်ပြီး အရှုံးကို မရင်ဆိုင်နိုင်သောသူ တစ်ဦး ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီးနောက် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

ပြီးခဲ့သော အပတ်က MGM Grandတွင် ထိုးသတ်ခဲ့သော Century of the Fight ပြိုင်ပွဲကြီးတွင် မေ၀ယ်သာမှာ အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပက်ကွီအိုမှာလည်း ၄င်း၏ရှုံးနိမ့်မှု အတွက် ကျေနပ်ခြင်း မရှိခဲ့သလို မေ၀ယ်သာမှလည်း ဒုတိယအကြိမ် ထပ်မံ ထိုးသတ်သွားမည်ဟု ပြောကြားထားသူလည်း ဖြစ်သည်။

မန်ယူနိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး၊ ကျူပီအားနှင့် ဘန်လေတို့ တန်းဆင်းရန် သေချာသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၆

ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ပြိုင်ပွဲများကို ဆက်လက် ကစားခဲ့ကြရာ နိုင်ပွဲများ ဆက်တိုက် ပျောက်ဆုံးနေသော မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဝေးကွင်းတွင် ခရစ္စတယ်ပဲလေ့စ် အသင်းကို  အနိုင်ရရှိရန် ရုန်းကန်ခဲ့ရပြီး၊ ၁-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားပွဲစဉ်များ ဖြစ်သော အဲဗာတန် အသင်းနှင့် ဆန်းဒါးလန်းတို့ ပွဲစဉ်တွင် ဆန်းဒါးလန်း အသင်းက အဝေးကွင်းတွင် ခြေစွမ်းပြ ကစားခဲ့ပြီး၊ ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အကြီးကျယ်ဆုံးဟာသ ဖြစ်ခဲ့ရသည့် စတာလင်နှင့် တယ်ရီတို့၏ ဓာတ်ပုံ

ဘောလုံးပွဲများ ကျင်းပစဉ် အခါတိုင်း အလွဲများနှင့် ဟာသ ဖြစ်ရပ်များ ဖြစ်ပေါ်လေ့ရှိရာ လီဗာပူး အသင်းနှင့် ချယ်လ်ဆီး အသင်းတို့ တွေ့ဆုံခဲ့သည့် Capital Oneဖလား ပြိုင်ပွဲတွင် စတာလင်နှင့် ဂျွန်တယ်ရီတို့၏ အမှတ်မထင် ဖြစ်ရပ် တစ်ခုသည် ကမ္ဘာတစ်ဝန်း အင်တာနက် အသုံးပြုသူများ အတွက် အကြီးကျယ်ဆုံး ဟာသအဖြစ် ဝေဖန်စရာ တစ်ခုဖြစ်ခဲ့သည်။

စတာလင်သည် လီဗာပူး အသင်းတွင် အားကုန်ထုတ်သုံးပြီး အင်တိုက်အားတိုက် ကစားတတ်သူ တစ်ဦး ဖြစ်ကာ ဂျွန်တယ်ရီသည်လည်း နောက်တန်း ကစားသမား ဖြစ်သောကြောင့် ကစားပုံ ကြမ်းတမ်းလေ့ရှိသူ တစ်ဦးလည်း ဖြစ်သည်။

မေ၀ဲလ်သာနှင့် ပက်ကွီအို လက်ဝှေ့ပွဲ လက်မှတ် အမေရိကန် ဒေါ်လာ ၁၅၀၀မှ ၇၅၀၀ အထိ ဈေးပေါက်နေ

ကမ္ဘာ့နာမည်ကျော် လက်ဝှေ့သမား နှစ်ဦးဖြစ်သော မေ၀ဲလ်သာနှင့် ပက်ကွီအိုတို့၏ လက်ဝှေ့ပွဲ လက်မှတ်များမှာ တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၁၅၀၀ မှ ၇၅၀၀ အထိရှိပြီး၊ လက်မှတ်များကို ပက်ကွီအိုနှင့် မေ၀ဲလ်သာ ပရိသတ်များအား နေရာသီးခြားစီခွဲ၍ ရောင်းချသွားမည်ဖြစ်ပြီး၊ ရုပ်သံ မီဒီယာကိုလည်း နေရာ သီးသန့်စီမံပေးထားကြောင်းလည်း သိရသည်။

အဆိုပါ လက်ဝှေ့ပွဲကို အခပေး ရုပ်သံမီဒီယာမှ ကြည့်ရှုလိုသူများ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅၀ ပေးဆောင်ရမည် ဖြစ်ပြီး၊ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့ပွဲ တစ်ပွဲဟု သတ်မှတ်ထားသော ယင်းပွဲကို အမေရိကန်နိုင်ငံ၊ လက်ဗီးဂတ်စ်မြို့ရှိ ပရိသတ် ၁၆၅၀၀ဆန့်သော MGM Grand ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

Pages