World Sports

FAဖလားဖိုင်နယ်တွင် အာဆင်နယ်နှင့် အက်စတွန်ဗီလာတို့ ထိပ်တိုက်တွေ့ဆုံ

FA ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အာဆင်နယ် အသင်းက ရီးဒင်း အသင်းကို လည်းကောင်း၊ အက်စတွန် ဗီလာ အသင်းက လီဗာပူးလ် အသင်းကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး၊ ဖိုင်နယ်ပွဲစဉ်ကို ၀င်ဘလေ ကွင်းကြီးတွင် ယှဉ်ပြိုင် ကစားကြရတော့မည် ဖြစ်သည်။

မန်ယူကို ချယ်လ်ဆီး အနိုင်ရပြီး၊ ပရီးမီးယာလိဂ် သရဖူ ဆွတ်ခူးရန် သေချာသလောက် ရှိနေ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ယခုတစ်ပတ် အတွက် အကောင်းဆုံး ပွဲစဉ်ဖြစ်သော ချယ်လ်ဆီး အသင်းနှင့် မန်ယူ အသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီး အသင်းက ခြေစွမ်းပြ ကစားသမား အီဒင်ဟာဇက်၏ သွင်းဂိုး တစ်ဂိုးတည်းဖြင့်သာ အနိုင်ရရှိပြီး၊ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိရန် သေချာသလောက်နီးပါး ရှိခဲ့ပြီ ဖြစ်သည်။

ယင်းပွဲစဉ်တွင် ချယ်လ်ဆီး အသင်း အနိုင်ရရှိခဲ့မှုကြောင့် ဒုတိယနေရာမှ အာဆင်နယ် အသင်းနှင့် ၁၀မှတ် အထိ ကွာဟသွားခဲ့ပြီး၊ တတိယနေရာမှ မန်ချက်စတာ ယူနိုက်တက် အသင်းထက် တစ်ပွဲလျော့ ၁၁ မှတ် အကွာဖြင့် ပရီးမီးယားလိဂ် ဖလားကို ရယူရန် နီးစပ်ခဲ့သည်။

မန်စီးတီး၊ အာဆင်နယ်၊ မန်ယူတို့ နိုင်ပွဲရပြီး ချန်ပီယံလိဂ်ဝင်ခွင့် အကြိတ်အနယ် ဖြစ်ခဲ့တဲ့ ပွဲစဉ် ၃၀

ပရီးမီးယားလိဂ် ပွဲစဉ် ၃၀အား စနေ၊ တနင်္ဂနွေနေ့များက ဆက်လက် ကျင်းပခဲ့ရာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့သည့် မန်စီးတီး အသင်းမှ ၀က်ဘရွန်းကို ၃-၀ဖြင့် အနိုင်ရပြီး ဒုတိယ နေရာကို ဆက်လက် ထိန်းသိမ်းသွားခဲ့သည်။ မန်စီးတီး၏ နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာ အနိုင်ရပြီး၊ ၄ ပွဲဆက် ရှုံးထားသည့် အတွက် တစ်သင်းလုံး ဖိအားများ ၀င်ခဲ့သော်လည်း ဒိုင်လူကြီး၏ အကူအညီဖြင့် ၀က်ဘရွန်း နောက်ခံလူ မက်အော်လေမှာ ပွဲအစ ၂ မိနစ်မှာပင် ထုတ်ပယ်ခံရ၍ မန်စီးတီး အသာရကာ ပထမပိုင်းတွင် ၂ ဂိုး၊ ဒုတိယပိုင်းတွင် ၁ ဂိုး သွင်းယူခဲ့သည်။ သို့သော် မန်စီးတီးမှာ ဂိုးထဲ ကန်သွင်းခွင့် ၄၃ ကြိမ်ရပြီး၊ ၃ ဂိုးသာ ၀င်ခဲ့သည့် အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

ရီးယဲလ်ရှုံးနိမ့်ချိန်တွင် ဘာစီလိုနာ ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်

ယခုတစ်ပတ် ကျင်းပခဲ့သည့် လာလီဂါပွဲစဉ် ၂၆တွင် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် ရီယဲလ်မက်ဒရစ် အသင်းသည် ဘီဘာအို အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည့် အတွက် အံ့အားသင့်ဖွယ်ရာ ရက်တစ်ခုဖြစ်ခဲ့သည်။

ဒေ၀ါလီခံမည့် ပါးမားအသင်းကို အီတလီ ပရော်ဖက်ရှင်နယ်လိဂ်မှ ဒေါ်လာ ၅ သန်းကူညီ

အီတလီ စီးရီးအေမှ ဒေ၀ါလီ ခံရတော့မည့် ပါးမားအသင်းအား အီတလီ ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်မှ ယခုနှစ် ဘောလုံးရာသီကုန်အထိ ဆက်လက် ယှဉ်ပြိုင် ကစားခွင့် ရနိုင်ရန် အတွက် ဒေါ်လာ ၅ သန်း ကူညီထောက်ပံ့ခဲ့သည်။ ပါးမား အသင်းသည် ငွေကြေး ပြဿနာကြောင့် ဒေ၀ါလီ ခံရတော့မည့် အခြေအနေ ရှိနေပြီး၊ ကစားသမားများအား လစာ မပေးနိုင်ခြင်း၊ အူဒီးနီးနှင့်ပွဲတွင် လုံခြုံရေး ကုန်ကျစရိတ်များ မပေးနိုင်ခြင်းများကြောင့် စီးရီးအေပွဲစဉ် ၂ ပွဲ မကစားနိုင်ခဲ့ကြောင်း သိရသည်။

Valentine Dayတွင် ခင်ပွန်းဖြစ်သူ ဘရက်ဂျုံးစ်အတွက် Instgramတွင် အလှဓာတ်ပုံတင်သည့် ဒန်နီလောရင့်

လီဗာပူးလ် အသင်း၏ ဂိုးသမားဖြစ်သူ ဘရက်ဂျုံးစ်၏ ဇနီးသည်ဖြစ်သူ ဒန်နီလောရင့်သည် Valentine Day၌ သူမ၏ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်အလှကို ဖော်ပြသည့် ဓာတ်ပုံကို Instgramတွင် တင်ခဲ့ပြီး၊ “ဟန်နီ...ကျွန်မတို့ရဲ့ ကလေးတွေ ခိုးသွားတဲ့ ကျွန်မရဲ့ သေးသွယ်တဲ့ လက်ကောက်ဝတ်လေးတွေကို ပြန်လိုချင်မိတယ်”ဟု စာဖြင့်ပါ ရေးသား ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ဒန်နီလောရင့်သည် ဘရက်ဂျုံးစ် အတွက် သားသမီးနှစ်ဦး ဖွားမြင်ပေးထားပြီး၊ ပရိသတ် အများစု မျက်စိကျ ခြင်းခံထားရသည့် Wagsတစ်ဦးလည်း ဖြစ်သည်။

အသင်းကြီး အများစု မပါဝင်တော့သော FA ဖလား ၁၆ သင်းအဆင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

အသင်းကြီး အများစု စောစီးစွာ လက်ပြနှုတ်ဆက်ခဲ့ရသည့် FAဖလား ၁၆သင်း အဆင့် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ၀က်ဘရွန်းအသင်းက အိမ်ကွင်းတွင် ၀က်ဟမ်း အသင်းကို ၄ ဂိုးပြတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး၊ ဘလက်ဘန်း အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ရသော စတုတ်စီးတီး အသင်းသည် ၄-၁ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။ အဆိုပါပွဲတွင် စတုတ်စီးတီး အသင်းက ပွဲစချိန်တွင် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ကစားသမားတစ်ဦး အနီကတ်ပြ ထုတ်ပယ်ခံရခြင်းနှင့် အတူ ပင်နယ်တီပါ ပေးခဲ့ရသောကြောင့် မရှုမလှ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်တို့ အနိုင်ရပြီး ချယ်လ်ဆီးနှင့် မန်စီးတီးတို့ သရေဖြင့်သာ ကျေနပ်ခဲ့ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)

၂၀၁၅ ခုနှစ် နှစ်သစ်တွင် ရပ်နားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃အား ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် မန်ယူအသင်းသည် ၃-၅-၂ ကစားကွက်အား ပြောင်းလဲခဲ့ပြီး ဖယ်လ်ကာအိုနှင့် ဗန်ပါစီကို အထောင်ထားကာ ရွန်းနီနှင့် ယာနူဇက်တို့ တောင်ပံနှစ်ဘက် ယှဉ်ကာ ကစားခဲ့ရာ မန်ယူအသင်း၏ ပျောက်ဆုံးနေသော တိုက်စစ်ကစားဟန်ကို ပြန်လည်ရရှိခဲ့သည်။ ပထမပိုင်းတွင် မန်ယူအသင်းမှာ အနိုင်ဂိုးများ သွင်းယူခဲ့ပြီး၊ ၂၇ မိနစ်တွင် ဗန်ပါစီ၊ ၃၂ မိနစ်တွင် ဖယ်လ်ကာအိုနှင့် ၄၄ မိနစ်တွင် လက်စတာ နောက်ခံလူ မော်ဂန်က ကိုယ့်ဂိုးကိုယ် သွင်းခဲ့သဖြင့် ၃ ဂိုး ပြတ်ဖြင့် ဦးဆောင်ပြီး၊ မိနစ် ၆၀တွင် ဆီလ်လူစကီးက ချေပဂိုး ၁ဂိုး ပြန်လည်သွင်း

FAဖလား စတုတ္ထအဆင့်တွင် နာမည်ကြီး အသင်းကြီး အများစုရှုံးနိမ့် (FAဖလားအပေါ် သပိတ်မှောက်ခြင်းလော)

FAဖလား စတုတ္ထအဆင့်ပွဲစဉ်များကို စနေ၊ တနင်္ဂနွေနေ့များတွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ ချယ်ဆီးလ်၊ မန်စီးတီး၊ ဆောက်သမ်တန်၊ စပါးအသင်းများ ရှုံးနိမ့်ခဲ့ရသလို မန်ယူ၊ လီဗာပူးလ်၊ ဆန်းဒါးလန်း အသင်းကြီးများမှာ ပြိုင်ဘက်အသင်းကို သရေဖြင့်သာ ကျေနပ်ခဲ့ရသည်။ ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေသော ချယ်လ်ဆီးအသင်းမှာ League One (အင်္ဂလန် ပထမတန်း) ကလပ် ဘရန့်ဖို့ဒ်စီးတီးကို အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသလို၊ မန်စီးတီး အသင်းကလည်း လိဂ်ချန်ပီယံကလပ် မစ်ဒယ်ဘရော့ အသင်းကို အိမ်ကွင်း၌ ရှုံးပွဲ ကြုံတွေ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မန်စီးတီး အသင်းမှာ အင်အား တောင့်တင်းသည့် လူစာရင်းဖြင့် ပွဲထွက်ခဲ့သော်လည်း

အသင်းကြီး အများစု အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၂

ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ စနေ ပွဲစဉ်များကို ကစားခဲ့ရာတွင် အမှတ်ပေး ဇယားထိပ်၌ ဦးဆောင်နေသူ ချယ်လ်ဆီး အသင်းက အဝေးကွင်းတွင် ဆွမ်ဆီးကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။ ယင်းပွဲစဉ်တွင် ဒီယေဂို ကော်စကာ ၂ ဂိုး၊ အော်စကာက ၂ ဂိုးနှင့် ရှိုလာက ၁ ဂိုး သွင်းယူသွားခဲ့သည်။ လီဗာပူးလ် အသင်းကလည်း အဝေးကွင်းတွင် ဗီလာကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ဇယားထိပ်သို့ တက်လှမ်းလာခဲ့သည်။

Pages