World Sports

ဇန်န၀ါရီလ အပြောင်းအရွှေ့ ဈေးကွက်တွင် မထင်မှတ်ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာနိုင်သည့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများ

ပရီးမီးယားလိဂ် ထိပ်သီး အသင်းတစ်သင်းဖြစ်သော မန်စီးတီး အသင်းသည် ဇန်န၀ါရီလ အပြောင်းအရွှေ့ ဈေးကွက်တွင် အသက် ၂၆ နှစ် အရွယ်ရှိ ဆွမ်ဆီး တိုက်စစ်မှူး ဘိုနီကို ယူရို ၂၇ သန်းဖြင့် ခေါ်ယူလိုက်ပြီး၊ လိုင်ယွန် အသင်း၏ ပြင်သစ် တိုက်စစ်မှူး အသက် ၂၃ နှစ် အရွယ်ရှိ လာကာဇက်တီကိုလည်း ခေါ်ယူရန် ကြိုးပမ်းလျက် ရှိနေသည်။ အသင်း၏ တိုက်စစ်မှူး ဂျိုဗီတစ်ကိုလည်း ဂျူဗင်တပ် အသင်းသို့ ပေါင်သန်း ၂၀ဖြင့် လည်းကောင်း၊ စပိန်တိုက်စစ်မှူး နီဂရီဒိုကို ပေါင် ၂၅ သန်းဖြင့် ဗလင်စီယာ အသင်းသို့လည်းကောင်း ရောင်းချရန် စီစဉ်နေသည်ဟု သိရသည်။

မန်ယူ၏ ၆ ပွဲဆက်အနိုင်နှင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အနိုင်အရှုံး

ယမန်နှစ်က ခြေစွမ်းကြောင့် နည်းပြ မိုယက် ထွက်ခွာသွားပြီး၊ ဟော်လန်လူမျိုး ဗန်ဟားလ်အား ခေါ်ယူခဲ့ပြီးသည့်နောက် ရလာဒ်မကောင်းခဲ့သော မန်ယူအသင်းအပေါ် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ရှိခဲ့သည်။

ဘာစီလိုနာအတွက် ဟက်ထရစ် သွင်းယူခဲ့သော မက်ဆီနှင့် ခြေစွမ်းပြနေဆဲ စီရော်နယ်ဒို

စပိန်လာလီဂါ ပြိုင်ပွဲတွင် ပွဲတိုင်း ဂိုးအမြောက်အမြား သွင်းယူလျက်ရှိသော ရီးရဲမက်ဒရစ် အသင်းသည် အဝေးကွင်း၌ အီဘာအသင်းကို ခြေပြတ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည်။ ရီးယဲလ်သည် အီဘာကို ၄-၁ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် စီရော်နယ်ဒို နှစ်ဂိုး ဘန်ဇီးမား တစ်ဂိုး ရိုဒီဂွက်စ် တစ်ဂိုး သွင်းယူခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)တွင် အသင်းကြီး အများစု အနိုင်ရ

ယခုတစ်ပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေသော ချယ်လ်ဆီး အသင်းသည် အိမ်ကွင်း၌ ၀က်ဘရွန်းအသင်းအား သက်သောင့်သက်သာ ကစားပြီး ဒီယေဂို ကော်စတာနှင့် ဟားဇက်တို့၏ ဂိုးများဖြင့် အနိုင်ရပြီး ဆက်လက် ဦးဆောင်လျက်ရှိသည်။

မန်ယူဂိုးသမား ဒီဂီယာ လက်ရွေးစင် စပိန်အသင်းတွင် လက်ချောင်းရိုးကျိုးခဲ့၍ တစ်လအနားယူရမည်

နာမည်ကျော် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဦးစားပေး ဂိုးသမား ဒီဂီယာမှာ ၂၀၁၆ ယူရို ခြေစစ်ပွဲ အတွက် စပိန်အသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် လက်ချောင်းရိုးများ ကျိုးသွား ခဲ့ခြင်းကြောင့် မန်ယူအသင်းတွင် တစ်လခန့် အနားယူရမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၆ ယူရိုခြေစစ်ပွဲများတွင် အင်္ဂလန်အသင်း နှင့်အတူ နာမည်ကြီး အသင်းများ အနိုင်ရခဲ့

ယခုတစ်ပတ်တွင် ကျင်းပသည့် ၂၀၁၆ ယူရိုခြေစစ်ပွဲများတွင် နာမည်ကြီး ဂျာမနီအသင်းမှာ အသင်းငယ် ဂျီဘရက်တာကို ၄ ဂိုး ဂိုးမရှိဖြင့် သက်တောင့်သက်သာ အနိုင်ရရှိသွားခဲ့သည်။ ဂျာမနီ အသင်းမှာ ယခင်ပွဲစဉ်တွင် ပိုလန်ကို ရှုံးနိမ့်ခဲ့ရသလို အိုင်ယာလန်နှင့် သရေကျခဲ့ခြင်းကြောင့် ဝေဖန်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရယူထားပြီး အနိုင်ဂိုးများကို မူလာ ၂ဂိုး၊ ဂေါ့ဇီ ၁ဂိုးနှင့် ဆန်းတို့စ်က ကိုယ့်ဂိုးကို သွင်းယူခဲ့သောကြောင့် ၄-၀ ဖြင့် အနိုင်ရရှိသွားခဲ့သည်။

ချဲလ်ဆီးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် အေစီမီလန်သို့ နှစ်ရာသီအငှားဖြင့် ပြောင်းရွှေ့

ချဲလ်ဆီးအသင်းမှ စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်သည် အီတလီ စီးရီးအေ ကလပ် အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီခဲ့ပြီး စတန်းဖို့ဒ်ဘရစ်တွင် သုံးနှစ်ကြာ ကံဆိုးမိုးမှောင်ကျမှုကို အဆုံးသတ်ခဲ့သည်။

ဘလော့တယ်လီနှင့်အတူ လီဗာပူးလ်အသင်း ပြန်လာပြီး မန်ယူအသင်း သုံးပွဲဆက် နိုင်ပွဲပျောက်ဆုံး

ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ရာ နာမည်ကြီး ကစားသမားများ ပါဝင်သည့် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ယခင် တစ်ပတ်က ရှုံးနိမ့်ခဲ့သည့် လီဗာပူးလ် အသင်းက လန်ဒန်မြို့ခံ စပါးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရာသီအဖွင့် ကွန်မြူနတီဖလား အာဆင်နယ် ဆွတ်ခူး

အင်္ဂလန်နိုင်ငံ ၀င်ဘလေကွင်း၌ သြဂုတ်လ၁၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့် ချာရတီ ဖလားပြိုင်ပွဲတွင် အမှတ်ပေး ချန်ပီယံ မန်စီးတီး အသင်းအား ရှုံးထွက် ချန်ပီယံ အာဆင်နယ် အသင်းက ၃-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား  အနိုင်ယူပြီး အမ်မရိတ်ဖလား လက်လွတ်ခဲ့ရမှုကို ဖြေသိမ့်နိုင်ခဲ့သည်။

နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖီဖာကြောင့် ထောင်မှလွတ်

ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နိုင်ဂျီးရီးယား အသင်း အောင်မြင်မှု မရရှိခဲ့သည့် အတွက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မိုင်ဂါရာအား အစိုးရအဖွဲ့မှ ရာထူးမှ ထုတ်ပယ်ကာ ဖမ်းဆီးထောင်ချခဲ့ရာ ကမ္ဘာအ၀ှမ်း တုန်လှုပ်ခြောက်ခြားခဲ့ရသည်။

Pages